Blogger Widgets

Friday, 3 May 2013

အိန္ဒိယနှင့် မြန်မာ စီးပွားရေး ဆွေးနွေးပွဲ ကျင်းပရန်ရှိ

မေလ ၂၆ မှ ၂၉ ရက်နေ့များတွင် အိန္ဒိယ- မြန်မာ စီးပွားရေးဆိုင်ရာ အထူးအစည်းအဝေး ကျင်းပ သွားမည် ဖြစ်ပြီး မဏိပူရပြည်နယ်အစိုးရက ထိုအစည်းအဝေးပွဲအတွက် ပြင်ဆင်မှုများ စတင်နေပြီ
ဖြစ်သည်။

စီးပွားရေးဆိုင်ရာ အထူးအစည်းအဝေးပွဲသို့ အိန္ဒိယအရှေ့မြောက်ပြည်နယ်များမှ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ကို  မဏိပူရပြည်နယ် ၀န်ကြီးချုပ် Mr. O Ibobi က ဦးဆောင် တက်ရောက် လာဖွယ်ရှိကြောင်း မဏိပူရ ပြည်နယ်ထုတ် သတင်းစာတစောင် ဖြစ်သည့် Sangai Express တွင် ဧပြီလ ၃၀ ရက်နေ့ က ဖော်ပြထားသည်။

ထိုအစည်းအဝေးကို မန္တလေးနှင့် မုံရွာမြို့များတွင် ၂ နေရာခွဲကာ ၄ ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရပြီး တချိန်တည်းမှာပင် လျှပ်စစ်စွမ်းအင် ၀ယ်ယူရေး အတွက် မဏိပူရ ပြည်နယ် ၀န်ကြီးချုပ်ထံ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေး စာတစောင် ပေးပို့ထားကြောင်း သတင်းစာက ဆက်လက် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ က  အရှေ့မြောက်ပြည်နယ်များ အနေဖြင့် အရှေ့တောင် အာရှ နှင့် တရုတ်နိုင်ငံ သို့ ကုန်သွယ်ရာတွင် စစ်ကိုင်းတိုင်း အား ဖြတ်သန်း ရမည် ဖြစ်တာကြောင့် စိတ်ဝင်စားမှု ရှိတာဖြစ်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ယာယီတာဝန်ခံ ဦးဘလှအေး က မဇ္စျိမ သို့ ရှင်းပြခဲ့ဖူးသည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလ က နယူးဒေလီမြို့တွင် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး နှင့် မဏိပူပြည်နယ် စက်မှု/ကုန်သွယ် ဝန်ကြီး Govindas Konthoujam တို့သည် နယူးဒေလီမြို့တွင် တွေ့ဆုံပြီးနောက် မြန်မာသည် ထိုသို့ လျှပ်စစ်စွမ်းအင်ကို ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း အိန္ဒိယ သတင်းစာများ ကလည်း ဖော်ပြခဲ့ဖူးသည်။

ထိုစဉ်က စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေးမှာ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပြည်နယ်များ စီးပွားရေး ဆွေးနွေးပွဲ (NEBS)သို့ တက်ရောက်ခဲ့သည်။

မဏိပူရ တောင်တန်းပေါ်တွင် လှပကျော်ကြားသည့် LOTUS (ကြာပန်း) ရေကန်မှ ထုတ်လုပ် ထွက်ရှိသည့် ရေအား လျှပ်စစ်ကို ပြည်နယ်အစိုးရက ပိုင်ဆိုင်ပြီး   မဏိပူပြည်နယ်သည် အိမ်နီးချင်းပြည်နယ်များ ဖြစ်သည့် မီဇိုရမ်ပြည်နယ်၊ နာဂလန်းပြည်နယ်များသို့ ၎င်း၏ လျှပ်စစ်မီးကို ရောင်းချပေးလျက်ရှိသည်။

စစ်ကိုင်းတိုင်းမှာ အိန္ဒိယနိုင်ငံ၏ မဏိပူရနှင့် နာဂလန်းပြည်နယ်တို့နှင့် နယ်မြေချင်း ထိစပ် လျက်ရှိသည်

No comments :

Post a Comment

Blogger Widgets
Back to Top