ယနေ့မြန်မာ စံတော်ချိန်(၂၁း၃၀)နာရီ အချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် အနောက် အလယ် ပိုင်း တွင် ဖြစ်ပေါ် နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင် (MAHASEN) သည် အရှေ့ မြောက်
ဘက်သို့ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ မောင်တော
မြို့၏ အနောက်တောင်ဘက်မိုင်(၂၅၀)ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်(၂၆၀)ခန့်၊ ကျောက်
ဖြူမြို့၏ အနောက်ဘက်မိုင်(၂၈၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့၏ တောင်ဘက်မိုင်(၂၃၀)ခန့်အကွာ
ပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။
အဆိုပါဆိုင်ကလုန်း မုန်တိုင်းသည်အရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စစ်
တကောင်းမြို့နှင့်မြန်မာနိုင်ငံ၊ မောင်တောမြို့အကြားမှကမ်းခြေကိုနောက်(၁၈)နာရီအတွင်း ဖြတ်ကျော်
ဝင်ရောက်မည်ဟုခန့်မှန်းရပါသည်။
ဆိုင်ကလုန်းမုန်တိုင်း၏လက်ရှိအခြေအနေမှာအနီရောင်အရေးပေါ်အခြေအနေသို့ရောက်ရှိပြီး၊ဘင်္ဂလား
ဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်သို့ ဦးတည်ရွေ့လျားလျက်ရှိသည့် အခြေအနေ ဖြစ်ပါသည်။
ဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည်ကမ်းခြေသို့ဖြတ်ကျော်စဉ်လေတိုက်နှုန်းမှာတစ်နာရီလျှင်
မိုင် (၆၀) မှ မိုင် (၇၀) အထိတိုက်ခတ်နိုင်ပြီး၊ မုန်တိုင်းကြောင့်မြင့်တက်နိုင်သောရေလှိုင်း အမြင့်မှာမောင်
တောမြို့နယ်ကမ်းခြေ တွင် (၈) ပေမှ (၁၀) ပေခန့်၊ စစ်တွေခရိုင် ကမ်းခြေ တွင် (၆) ပေမှ (၈) ပေခန့်နှင့်
ကျောက်ဖြူခရိုင်ကမ်းခြေတွင်(၄)ပေမှ(၆)ပေ ခန့် မြင့်တက်နိုင်ပါသည်။
ထို့အပြင်မုန်တိုင်းနှင့်အတူမိုးသည်းထန်စွာရွာသွန်းနိုင်ပါသဖြင့်စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေ
သကြီး၊ မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ က
ချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းမှုကြောင့်မြေပြိုခြင်း၊တောင်ကျရေများ
ကြောင့်လျှပ်တစ်ပြက်ရေကြီးခြင်းအန္တရာယ်များ ကိုသတိပြုရှောင်ရှားသင့်ပါသည်။
အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း အရှိန်ကြောင့်မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့တွင်မကြာခဏမိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းကြီးမည်။မိုးသက်လေပြင်း
ကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မို င်(၆၀) မှ မိုင် (၇၀) အထိ တိုက်ခတ်နိုင်သည့် အတွက်
ပင်လယ်မှ ငါးဖမ်းထွက်သည့် ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ၊ မုန်တိုင်း အန္တရာယ်ကို ကြိုတင်ရှောင်ရှား
ကြပါရန် အကြံပြုအပ်ပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

No comments :
Post a Comment