Blogger Widgets

Sunday, 26 May 2013

မြန်မာအမျိုးသမီး အာရှအဆင့် ခြေစစ်ပွဲအောင်မြင်

မြန်မာ့လက်ရွေးစင် အမျိုးသမီးများအသင်းဟာ တရုတ်(တိုင်ပေ) အသင်းကို ၀ - ၀ သရေကျပြီးနောက် အာရှအဆင့် ခြေစစ်ပွဲကို အောင်မြင်သွားပြီဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ အုပ်စု(D)မှာ ပါဝင် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အိန္ဒိယ၊ပါလက်စတိုင်း တိုင်ပေ တို့ နဲ့ ရင်ဆိုင် ခဲ့ရတာဖြစ်ပါတယ်။ 

အိန္ဒိယ အသင်းကို ပွဲဦးထွက် ပွဲစဉ်မှာပဲ ၂ဂိုး ဂိုးမရှိ ပါလက်စတိုင်း အသင်းကို ၉ ဂိုး ဂိုးမရှိ နဲ့ 
အနိုင်ရရှိခဲ့တာ ဖြစ်ပြီး နောက်ဆုံး အဆုံးအဖြတ်ပွဲစဉ်ဖြစ်တဲ့ တိုင်ပေနဲ့ ပွဲစဉ်မှာတော့ ဂိုး မရှိ သရေကစားကာ
အုပ်စုတွင်း ပေးဂိုး မရှိ ကစားနိုင်ခဲ့ပြီး အုပ်စု ဒုတိယ တိုင်ပေအသင်းနဲ့ အမှတ်တူ ၇ မှတ် ဂိုးကွာခြားချက်
၎ ဂိုး အသာနဲ့ ခြေစစ်ပွဲကို ထိုက်ထိုက်တန်တန် အောင်မြင်ခဲ့တာဖြစ်ပါတယ်။
 
၂၀၁၄ မှာ ကျင်းပမယ့် အာရှဖလား ဘောလုံးပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခွင့်ရရှိတာဖြစ်ပြီး မြန်မာ့ဘောလုံးနှင့် အားကစား လောကအတွက် ဂုဏ်ယူစရာဖြစ်ပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top