တရားဥပဒေအထက်တွင်
လွှတ်တော်ရှိသည်ဟု အင်တာနက် ဘလော့ စာမျက်နှာတွင် ရေးသားခဲ့သူ
ဒေါက်တာဆိတ်ဖွား ဆိုသူသည် ကိုယ်တိုင်ကိုယ်ကျ လာရောက် ၀န်ခံခဲ့ကြောင်း
ဒေါက်တာဆိတ်ဖွား စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် အမျိုးသားလွှတ်တော်
ကိုယ်စားလှဝ် ဦးလှဆွေက ပြောကြားသည်။ မေလ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်သည့်
ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး မကျင်းပမီ သတင်းမီ...ဒီယာများနှင့် တွေ့ဆုံရာ၌ ဦးလှဆွေက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ဒေါက်တာဆိတ်ဖွားဆိုသူက သူကိုယ်တိုင် လာရောက်ဝန်ခံသွားတယ်။
ဘယ်သူဆိုတာတော့ ကျွန်တော်မပြောဘူး”ဟု ၄င်းက ဆိုသည်။ လွှတ်တော်ကိုယ်စားလှယ်များကို Above the Law ဆိုသော ခေါင်းစဉ်ဖြင့် ဝေဖန်ရေးသားခဲ့သူကို ထုတ်ဖော်နိုင်ပြီဖြစ်ကြောင်း ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဦးမြငြိမ်းက ဧပြီလ ၂၂ ရက်နေ့က ပြောကြားထားကြောင်း ၂၀၁၃ ခုနှစ် မေလ ၂၁ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်

No comments :
Post a Comment