Blogger Widgets

Saturday, 25 May 2013

ခွေးအား မောင်းထုတ်ရာမှ လူသတ်မှုဖြစ်

၃-၅-၂၀၁၃ ရက်နေ့ ၁၅၄၀ အချိန် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကံသာအုပ်စု၊ ချောင်းခုံ ရွာနေ  ဒေါ်ခင်ရီ(၅၀)နှစ်သည် နေအိမ်၌ ရှိနေစဉ် တစ်ရွာတည်းနေ မကော်နီဆိုသူ ရောက်ရှိ လာပြီး ၎င်း၏ ခင် ပွန်းဖြစ် သူ ဦးမောင်မြင့်(ခ) ဦးတင်မြင့်(၅၆)နှစ်အား ရွာလယ်တွင် ၀ိုင်းဝန်း ရိုက်နှ က်နေကြောင်း ပြောဆိုသဖြင့် သွားရောက် ကြည့်ရှုခဲ့ရာ ဦးမောင်မြင့်မှာ သွေးများဖြင့် လဲကျသေ ဆုံးနေ သည်ကို တွေ့ရှိခဲ့ရသည်။

 စုံစမ်းမေးမြန်းချက်အရ ထိုနေ့ ၁၅၃၀ အချိန် ဦးမောင်မြင့်(ခ)ဦးတင်မြင့် သည် တောမှလှည်းဖြင့်ပြန်လာစဉ် တစ်ရွာတည်းနေ ဦးသိန်းမောင်(၅၂)နှစ်၏နေ အိမ်ရှေ့အရောက် ဦးမောင်မြင့်နှင့်အတူပါလာသောခွေးမှာ ဦးသိန်းမောင်၏နေအိမ်အ တွင်းသို့ ၀င်ရောက်သွားသဖြင့် ဦးသိန်းမောင်နှင့် သားဖြစ်သူမြင့်ဝေ(၂၄)နှစ် တို့က ခွေးအား နေအိမ်ဝိုင်းအတွင်းမှမောင်းထုတ်ခဲ့ကြောင်း၊ ထိုသို့မောင်းထုတ်စဉ် ဦးမောင်မြင့်နှင့် စကားများ ရန်ဖြစ်ရာမှ ဦးမောင်မြင့်၌ပါလာသည့် ကိုင်းခုတ်ဓါးမအား ဦးသိန်းမောင်တို့သားအဖက လုယူကာ ဦးမောင်မြင့် အားခုတ်သဖြင့် လက်ခုံပြတ်ရှ၊ ၀ဲလက်ကောက်ဝတ် အရိုးပြတ်၊ ယာလက်ကောက် ၀တ်ပြတ်ရှ၊ ယာ လက်ဖျံရိုးပြတ် ရှ၊ ဦးခေါင်းထိပ်တည့်တည့်ပြတ်ရှ ဒဏ်ရာများဖြင့် အခင်းဖြစ်ေ နရာ တွင်သေဆုံး သွားခဲ့ကြောင်း သိရှိရသဖြင့် ဦးသိန်းမောင်နှင့် မြင့်ဝေ တို့အား လယ်ဝေးမြို့မ ရဲစခန်း(ပ)၁၄၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်

No comments :

Post a Comment

Blogger Widgets
Back to Top