လွိုင်လင်ခရိုင်၊ အထွေထွေ ရောဂါကု ဆေးရုံကြီးသို့ ခြေလေးချောင်း ပါရှိသည့် သုံးလသား အရွယ်
ကလေးငယ် တစ်ဦးအား ၎င်း၏မိဘများက လိုအပ်သည့် ခွဲစိတ်ကုသမှု ခံယူရန် ဧပြီလ ၃၀ ရက် နံနက်ပိုင်းက ရောက်ရှိလာ သည်။
အဆိုပါ ကလေးငယ်၏ မိဘများအား မေးမြန်းရာ အမည်မှာ ခွန်စံဒွေးနှင့် နန်းနှောင့်နှောင့်ဖြစ်ကြောင်း ပင်လုံမြို့နယ် ခွဲပန်မုန့်ကျေးရွာအုပ်စု လွယ်မွတ်ကျေးရွာတွင် နေထိုင်ကြကြောင်း တောင်ယာအလုပ်
လုပ်ကြောင်း ကလေးငယ်မှာ သုံးလသားအရွယ်ရှိကြောင်း သိရသည်။
ကလေးငယ်သည် ဦးခေါင်းတစ်လုံး လက်နှစ်ဘက်ပါရှိပြီး မအင်္ဂါနှစ်ခု စအိုနှစ်ပေါက်နှင့် ခြေလေးချောင်း
ပါရှိသည်။
မိမိတို့၏ရင်သွေးငယ်အား သာမာန်မိန်းကလေးတစ်ဦးကဲ့သို့ နေထိုင်နိုင်ရန် ဆေးရုံသို့လာရောက်ခဲ့ခြင်း
ဖြစ်ကြောင်းလည်း မိဘများကပြောကြသည်။
သို့သော်ဆေးရုံရောက်ပြီး မကြာမှီ ဆေးကုသမှုခံယူရခြင်းမရှိဘဲ မူရင်းဒေသသို့ ပြန်သွားခဲ့ရသည်

No comments :
Post a Comment