Blogger Widgets

Wednesday, 29 May 2013

ရီဟန်းနားအား ထိုးနှက်သည့် စာသားများ မရေးသားကြောင်း မင်းသမီး အမန်ဒါဘိုင်းစ် ပြောကြား

လော့စ်အိန်ဂျလိစ်    မေ    ၂၈
ရီဟန်းနားအား သူမ၏တွစ်တာ ဝက်ဘ်ဆိုက်တွင် ထိုးနှက်ချက် စာသားများ လာရောက် ရေးသားသည်ဟူသော စွဲချက်ကို မင်းသမီး အမန်ဒါဘိုင်းစ်က အခိုင်အမာ ငြင်းဆိုခဲ့သည်။
အသက် ၂၇ နှစ်အရွယ် ရှိပြီဖြစ်သည့် အမန်ဒါသည် ရီဟန်းနား၏ တွစ်တာ ဝက်ဘ်ဆိုက်တွင် မကြာသေးမီက ထိုးနှက်ချက် စာသားတစ်ခု ဖြစ်သည့် ၂ဝဝ၉ ခုနှစ်က ရီဟန်းနားအား ခရစ္စဘရောင်း က ရိုက်နှက်ပြီး ၎င်းတို့ နှစ်ဦး ကွဲကွာခဲ့ခြင်းမှာ ရီဟန်းနား မလှ၍ ဖြစ်သည်ဟု ရေးသားခဲ့ကြောင်း သိရသည်။
အဆိုပါ စာသားအား အမန်ဒါ၏ account တစ်ခုက လာရောက်ရေးသား ခဲ့ခြင်းဖြစ်ပြီး မကြာသေးမီက ပြန်လည် ရုပ်သိမ်းခဲ့သည်။ ထိုစာကို သူမ မရေးကြောင်း အမန်ဒါက ပြောကြားခဲ့သည်။  

No comments :

Post a Comment

Blogger Widgets
Back to Top