Blogger Widgets

Tuesday 14 May 2013

ရုပ်ရှင် တစ်ကား တစ်မိနစ်ဖြင့် ဒေါင်းလုပ် ချနိုင်သည့် ပဉ္စမ မျိုးဆက် နည်းပညာ ဆမ်ဆောင်းကြေညာ

ဆမ်ဆောင်း၏ ပဉ္စမမြောက် မျိုးဆက်သစ် အဖြစ် တစ်မိနစ်အတွင်း ရုပ်ရှင် တစ်ကား လုံးကို ဒေါင်းလုတ် ရယူ နိုင်သော အထူး အမြန်နှုန်းဖြင့် 5G ဝိုင်ယာလက်စ် နည်းပညာကို အောင်အောင်မြင်မြင် စမ်းသပ် နိုင်ခဲ့ကြောင်း ဆမ်ဆောင်း လျှပ်စစ် ကုမ္ပဏီက မေ ၁၃ ရက် တွင် ပြောခဲ့ သည်။

အဆိုပါ စမ်းသပ်မှု အရနှစ် ကီလိုမီတာကျော် အကွာအဝေး တွင် တစ်စက်ကန့်ကို တစ်ဂီဂါဘိုက် ကျော် အချက် အလက် ထုတ်လွှင့် သည် ဟု ဆိုသည်။ အဆိုပါ နည်းပညာ သစ်သည် ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာ လမတိုင်မီ ဈေးကွက်သို့ ရောက် နိုင်မည် မဟုတ်သေးဘဲ ၎င်းင်း ၏ အသံလွှင့်မြှင့် နှုန်းကို ယခုလက်ရှိ 4G ကွန်ရက် စနစ်ထက် အကြိမ်ရာ ပေါင်းများစွာ မြန်အောင်မြှင့်တင် နိုင်မည်ဟု ဆမ်ဆောင်း ကုမ်ပဏီ က ပြောခဲ့သည်။

ထို့ အပြင် အရည်အသွေး မြင့် ဒီဂျစ်တယ် ရုပ်ရှင် များကို ကန့်သတ်ချက် မရှိဘဲ လက်တွေ့အသုံး ပြုနိုင်သော အရည် အသွေးမြင့် ဒစ်ဂျစ်တယ် အသံဖိုင် များကိုပါ ထည့်သွင်းသည်။ ဤစနစ်အရ 3D ရုပ်ရှင်၊ ဂိမ်းများ စသည် တို့ကို ကျယ်ကျယ် ပြန့်ပြန့်ဖြင့် အသုံးပြုနိုင်ကာ အဆင့်မြင့် အာရုံစူးစိုက်နိုင်မှု (UHD) အညွှန်း များလည်း ပါဝင်ကြောင်း ၎င်းက ထပ်မံပြောကြား ခဲ့သည်။

ထို့အပြင် အန်တန်နာ ၆၄ ခုအသုံးပြုကာ တိုင်တန်နည်း ပညာဖြင့်အသုံးပြုထားသော မီလီမီတာ လှိုင်း ဆင်ထားသည်။ အဝေးမှ ထုတ်လွှင့်သည့် အချက်အလက် များကို မပျောက်ပျက်အောင် ကာကွယ် ပေးသော ပစ္စည်း များကို အသုံးပြုထားကြောင်း သိရသည်။ တောင် ကိုရီးယား သည် ကမ္ဘာတွင် ဝိုင်ယာ စနစ်သုံး နိုင်ငံ တစ်ခု ဖြစ်ပြီး 4G အသုံးပြုသူ သန်း ၂ဝနီးပါး ရှိကြောင်း သိရသည်

No comments :

Post a Comment

Blogger Widgets
Back to Top