"ပြည့်တန်ဆာတွေကို လိုင်စင် ထုတ်ပေးပြီး တော့ စနစ်တကျနဲ့ လုပ်ဆောင်
စေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုေ တာ့ လိုင်စင် ထုတ်ပေးရင် စနစ်
တကျနဲ့အခွန်ကောက်လို့ရပါတယ်။ စနစ်တကျ ကျန်းမာရေး စောင့်ေ ရှာက်မှု
လုပ်ပေးလို့ ရတယ်" ဒေါ်စန္ဒာမင်း(NLD)
မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ပြည့်တန်ဆာ ဈေးကွက်ကို စတင်
အကောင်အထည် ဖော်ဆောင် တော့ မည်ဖြစ်ကြောင်း မင်္ဂလာဈေး၊ ဘုရင့်နောင်၊
ကြည့်မြင်တိုင်၊ ပန်းဆိုးတန်းတို့ ရှိ ပြည့်တန် ဆာလုပ်ငန်း လုပ်ေ ဆာင်
နေသူများနှင့် မာဆတ်အမည်ခံ ပြည့်တန်ဆာခန်းများက ပြော သည်။
ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့တွင် ယင်းဈေးကွက်ရှိသော်လည်း
မြန်မာနိုင်ငံတွင် မရှိသေးသဖြင့် ယခုကဲ့သို့ အေ ကာင် အထည်ဖော်
ခြင်းဖြစ်ကြောင်း မင်္ဂလာဈေးရှိ ပြည့်တန်ဆာခေါင်း ဦးကြည်အေးက ပြောသည်။
''နိုင်ငံတကာ အဆင့်မှီပေါ့ဗျာ၊ နိုင်ငံတကာဈေးအတိုင်းပေါ့။ မြန်မာနိုင်ငံရဲ့
နိုင်ငံခြား ခရီးသွားလုပ်ငန်းကို လည်း မြှင့်တင်ရာ ရောက်တာပေါ့'' ဟု ယင်းက
ဆိုသည်။ယခုအချိန်ထိ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ် ငန်း ကို တရားဝင်
ခွင့်ပြုပေးခြင်းမရှိသေးဘဲ ခိုးချောင်ခိုးဝှက်သာလုပ်ဆောင်နေရ ဆဲဖြစ်ကြောင်း
ဦးကြည်ေ အး က ဆက်လက်ပြောသည်။
''ပြည်တန်ဆာဥပဒေကိုပြဌာန်းဖို့ လိုတယ်ဗျ။ အဲ့ဒီအတွက်လည်း ကျွန်တော့်
ဖောက်သည် ပြည့်သူ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်က လွှတ်တော် မှာ
တင်ပေးမယ်လို့ ပြောတယ်။ သူ့ကိုတော့ ဖရီးပေးေ ကျွးရ တာပေါ့။
အခုလောလောဆယ်တော့ လိုင်းကြေးပေးပြီး ဒိုင်လျှိုလေး လုပ်နေရတယ်'' ဟု ပြော
သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်တန်ဆာ ဥပဒေကို ပြဌာန်း ပြီးပါက ပြည့်တန်ဆာ
လုပ်ငန်းသည် ကြီးထွားလာ နိုင်ပြီး ယခုကဲ့သို့ ခွင့်မပြုသေးသည့် ကာလ မှာပင်
မာဆတ်အမည်ခံကာ ပြည့်တန်ဆာလုပ်ငန်းများ လုပ် ငန်းနေ မှုများ ရှိနေကြောင်း
ပုံမှန် စားသုံးနေသူ အသက် ၂၅ နှစ်အရွယ် ကိုမောင်အောင်က ပြော သည်။
''တရားဝင်ဆိုကောင်းမယ်ဗျ။ အခုတော့ ဘယ်အချိန်ဝင်ဖမ်းမလဲ စိုးရိမ်နေရေ
သးတယ်''ဟု ကိုမောင်ေ အာင် က ပြောသည်။ယင်းဈေးကွက်ကြီးဖော်ဆောင်ပြီး
အလုပ်အကိုင်အခွင့်အလမ်းများလည်း ပွင့်လင်း လာ နိုင်ပြီး အထူးသဖြင့်
အမျိုးသမီးများအတွက် သင့်လျှော်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်တွင် ဆီးဂိမ်းပြိုင်ပွဲ ကို ကျင်းပမည်ဖြစ်ရာယင်းအချိန်မတိုင်မီ
ပြည်တန်ဆာ ဈေးကွက် ဖော်ေ ဆာင်ရန် လိုအပ်ကြောင်း အားကစားသတင်းထောက်တစ်ဦး
ဖြစ်သူကိုချမ်းငြိမ်း ၎င်း၏ အမြင်ကို သုံး သပ်သည်။
''၂၀၁၃ ဆိုရင် ဆီဂိမ်းနဲ့ အတူ ဧည့်သည်တွေအများကြီးဝင်လာမှာ လေ။ အဲ့ဒီအထဲမှာ
စားဖားကြီးတွေလည်း ပါလာမှာပဲ။ အဲ့ဒီလိုလူတွေအတွက်
ပြည်တန်ဆာဈေးကွက်မရှိဘူးဆိုရင် အခြားအမျိုးသမီးအတွက် စိုးရိမ် ရနိုင် တယ်''
ဟု ကိုချမ်းငြိမ်းက ဆိုသည်။
ဆီးဂိမ်းနှင့်အတူ မြန်မာ့ပြည်တန်ဆာဈေးကွက်ကို လူသိများစေရန် လုပ်ဆောင် နိုင်ကြောင်း ပြည်တန် ဆာေ ခါင်း ဦးကြည်အေးက ဆိုသည်။
''အဲ့ဒီအခါဆို ကျွန်တော်တို့ ဖာခေါင်းတွေလည်း အငြိမ်နေရတော့မှာ မဟုတ်ဘူးဗျ။
ဈေးကွက်သစ်ရှာဖို့၊ ပစ္စည်း သစ်ရှာဖို့နဲ့ လုံးပမ်းနေရမှာ'' ဟုဦးကြည်အေးက
ပြောသည်။
နိုင်ငံတကာ ပြည့်တန်ဆာ ဈေးကွက် ဖော်ဆောင်နိုင်မှုနှင့် ပတ်သက်၍
စီးပွားရေးကျွမ်းကျင်သူ ဦးဇော် သိုက်က ''ဒီဈေးကွက်က နိုင်ငံဂျီဒီပီကိုလည်း
အထောက်အ ကူပြုနိုင်တယ်။ ထိုင်းနိုင်ငံဆိုရင် လည်း ဒီလုပ် ငန်း ကနေ အခွန်ငွေ
တော်တော်ရတယ်လို သိရတယ်။ ကျန်းမာရေးပညာပေးတဲ့ နေရာမှာလည်း တစ်နေ ရာထဲ ထိထိ
ရောက်ရောက်ပညာပေးနိုင်တဲ့အတွက် ရောဂါတွေကိုလည်း ထိန်းချုပ်လာ နိုင်တယ်''
ဟုသုံး သပ်သည်။
ယင်းနှင့် ပတ်သက်၍ ယခု လက်ရှိ ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်နေသူ
မစု(အမည်လွဲ)က ဝင်ငွေ လမ်းကြောင်းဖြောင့်လာနိုင်ပြီး
နိုင်ငံတကာဈေးကွက်ဝင်ဆံ့နိုင်လာသည့် အတွက် မစတင်မီကပင် ကြိုတင် ရင်ခုန်
မိနေကြောင်း ဘုရင့်နောင်ရှိ တည်ခိုခန်းတစ်ခုတွင်
ပြောသည်။''နိုင်ငံခြားသားတွေနဲ့ ဆိုတော့.. .ဟိဟိ ရင်ခုန်စရာကြီး''ဟု
မစုကဆိုသည်။
နိုင်ငံခြားသား များနှင့် ရင်ဆိုင်တွေ့ရ မည်ဖြစ် သည့်အတွက်
မိမိတို့ဘက်ကလည်း ကြိုတင်ပြင်ဆင်ထား ဖို့လို အပ်ကြောင်း
ပြည်တန်ဆာအမျိုးသမီးတို့က သုံးသပ်ကြသည်။မြန်မာနိုင်ငံတွင် ပြည်တန်ဆာ
လုပ်ငန်း လုပ် ကိုင်နေသူပေါင်း သိန်းဂဏန်းအထိ ရှိနိုင်ကြောင်း
ကျွမ်းကျင်သူတို့က သုံးသပ်ကြပြီး တရား ဝင်ဈေး ကွက် အကောင်အထည် ဖော်လာပါက
ယင်းတို့နှင့် ဆက်နွယ်သော လုပ်ငန်းများပါ အခြေ အနေကောင်း လာနိုင်ကြောင်း
သုံးသပ်ကြသည်

No comments :
Post a Comment