Blogger Widgets

Friday, 17 May 2013

သမ္မတ ဦးသိန်းစိန် ဘင်္ဂလာဒေခ်ျ့သို့ လာရောက်လည်ပတ်မည်

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ၏ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံ သမ္မတ ဖြစ်သူ ဦးသိန်းစိန်သည် ဘင်္ဂလာဒေခ်ျ့သို့ လာရောက် လည်ပတ်ရန် အစီအစဉ်ရှိကြောင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ထုတ်ဖေါ်ပြောကြားသည်။
thein-sein
သို့သော်လည်း လာရောက်လည်ပတ်မည့် နေ့ရက်အား မသတ်မှတ်ရသေးကြောင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိ တစ်ဦးက ပြောသည်။

" သမ္မတ ဦးသိန်းစိန်ကို ကျွန်တော်တို့ ဘင်္ဂလာဒေခ်ျ့ကို လာရောက် လည်ပတ်ဖို့ ဖိတ်ကြားတယ်။ ဒါပေမယ့် နေ့ရက်တော့ မသတ်မှတ်ရသေး" ဟု သူက ဆိုသည်။ 

မြန်မာသမ္မတ ခရီးစဉ် အတွင်း နှစ်နိုင်ငံအကြား နားလည်မူ စာချွန်လွှာ အများအပြားကို နှစ်နိုင်ငံ အကြား လက်မှတ်ရေးထိုးဖွယ်ရှိကြောင်း သိရသည်။ 

ထိုအထဲတွင် နှစ်နိုင်ငံအကြား သင်္ဘောပြေးဆွဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း စစ်တကောင်း ကုန်သွယ်ရေးနှင့် စက်မူလက်မူ အဖွဲ့ ဒါရိုက်တာ Sheikh Mahfuz Hamid ပြောသည်။ 

Mr Hamid အပါအ၀င် ဘင်္ဂလာဒေခ်ျ့မှ ကုန်သွယ်ရေး အဖွဲ့သည် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်စဉ် နှစ်နိုင်ငံ အကြား သဘောင်္များ ပြေးဆွဲရေးကို မြန်မာ အရာရှိများနှင့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့က နောက်ဆုံး အဆင့် သဘောတူညီမူ ရရှိခဲ့သည်။

အဆိုပါ သဘောတူညီမူကို မြန်မာသမ္မတ ဦးသိန်းစိန်၏ ဘင်္ဂလာဒေခ်ျ့ ခရီးစဉ် အတွင်း နှစ်နိုင်ငံ အကြား လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း Hamid ထပ်လောင်းပြောကြားသည်။

အဆိုပါ သဘောတူညီချက်အရ မြန်မာနိုင်ငံနှင့် ဘင်္ဂလာဒေခ်ျ့အကြား ရေကြောင်းလိုင်း ပြေးဆွဲမည် ဖြစ်ရာ မြန်မာဘက်မှ မောင်းတော၊ စစ်တွေ၊ ပုသိမ်၊ ရန်ကုန်မြို့နှင့် ဘင်္ဂလာဒေခ်ျ့ဘက်မှာ တက်ကနက်၊ စစ်တကောင်း၊ ခူလနာ နှင့် နာရာယာဂန် အကြား သင်္ဘောများ အပြန်အလှန် ပြေးဆွဲတော့မည် ဖြစ်သည်။ 

မြန်မာနိုင်ငံမှ သစ်၊ ဆန်၊ ငါးများကို တိုက်ရိုက် ရေကြောင်းလိုင်းများမှ တဆင့် ဘင်္ဂလာဒေခ်ျ့သို့ တင်သွင်းနိုင်တော့မည် ဖြစ်ရာ ယခုကဲ့သို့ အခွင့်အရေး ရရှိရန်အတွက် ဘင်္ဂလာဒေခ်ျ့ အနေဖြင့် မြန်မာ အစိုးရ အရာရှိများနှင့် (၈) နှစ်ကြာ ချဉ်းကပ် ကြိုးစားခဲ့ရသည်ဟု Mr Hamid က ပြောသည်

No comments :

Post a Comment

Blogger Widgets
Back to Top