မဟာစင်မုန်တိုင်းနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများ
Updated
မေလ ၁၆ ရက်နေ့၊ နံနက် ၁၁ နာရီ ၄၀ မိနစ် စစ်တွေမြို့ စစ်တွေဟိုတယ်အနီးရှိ ပင်လယ်ကမ်းခြေတွင် ယနေ့နံနက် ၆ နာရီခန့် အချိန်က လေဆင်နှာမောင်း တိုက်ခက်ခဲ့မှုကြောင့် ကမ်းခြေအနီးရှိ ဆိုင်ခန်း ၂၀ မှ ၃၀ အတွင်း ပျက်စီးသွားခဲ့ကြောင်း သိရှိရပါသည်။
မပျက်စီးဘဲ ကျန်ရစ်ခဲ့သော ဆိုင်ခန်းများမှာလည်း ဖွင့်လှစ်ခြင်းမပြုတော့ဘဲ ပိတ်သိမ်းသွားပြီဖြစ်ကြောင်း သိရှိရသည်။
EMG

မဟာစင်မုန်တိုင်း နာရီပိုင်းအတွင်း ၀င်ရောက်တော့မည်
Thursday, May 16, 2013 ဘင်္ဂလားပင်လယ်အော်တွင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်းကတည်းက ဖြစ်ပေါ်နေသည့် မဟာစင်မုန် တိုင်းမှာ ယခုအခါ အရှေ့မြောက် ဘက်သို့ ရွေ့ လျှားနေပြီး နောက်ထပ် ၁၂ နာရီအကြာတွင် မြန်မာ နိုင်ငံ ရခိုင်ပြည် နယ်ကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်းကမ်းခြေကို ၀င်ရောက်တော့ မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါမုန်တိုင်းမှာယခုအခါ၊မြန်မာနိုင်ငံမောင်တောမြို့အနောက်တောင်ဘက်မိုင်(၁၆၀) ခန့်၊ စစ် တွေမြို့အနောက်ဘက်မိုင် (၁၈၀)တွင် ဗဟိုပြုနေကြောင်း မြန်မာနိုင် ငံ မိုးလေ၀ါသနှင့် ဇလဗေဒ ဦးစီး ဌာနမှ ယနေ့နံနက် ၆ နာရီထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
“လေက တိုက်လိုက်နားလိုက်ဖြစ်နေတယ်။ ရွှေဇားချောင်းမှာလည်း ရေစီးနှုန်းကသိပ်မြန်နေတယ်။ မြို့ ထဲမှာတော့ ကြက်ခြေနီနဲ့ ဆေးရုံက ကားတွေပတ်နေ တာတွေ့ရတယ်” ဟု မောင်တောမြို့ခံ တစ်ဦး ကပြောသည်။
မောင်တောမြို့တွင် ယမန်နေ့ ညနေကတည်းက အလံအနီထောင်ပြီး မုန်တိုင်းအနီရောင်အဆင့် အဖြစ်သတ်မှတ်ထားသည်။
မြို့ခံများမှာလည်း ယနေ့မနက်အစောကြီးကတည်းက မနက်စာကို ကြိုတင်စားသောက်ထားပြီး အသင့်ပြင်ထားကြကြောင်း အဆိုပါမြို့ခံကပြောသည်။
မဟာစင်မုန်တိုင်း ကမ်းခြေသို့ဝင်ရောက်စဉ် တနာရီး မိုင်(၆၀)မှ (၇၀) အထိတိုက်ခတ်နိုင်ပြီး မုန်တိုင်း ကြောင့် မြင့်တက်နိုင်သော ရေလှိုင်း အမြင့်မှာ မောင်တောမြို့နယ်ကမ်းခြေတွင် (၈)ပေမှ (၁၀)ပေ ခန့်၊ စစ်တွေခရိုင်ကမ်းခြေတွင် (၆)ပေမှ (၈)ပေခန့်နှင့်ကျောက်ဖြူ ခရိုင် ကမ်းခြေတွင်(၄)ပေမှ (၆) ပေခန့် မြင့်တက်နိုင်ကြောင်း မြန်မာ မိုးလေ၀ါသနှင့် ဇလဗေဒ ဦးစီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကောစ့်ဘာဇားမြို့တွင်လည်း ယမန်နေ့ညနေပိုင်းက မြို့တွင်းမှာ တာဝန်ရှိသူများ က လှည်လည်ပြီး မုန်တိုင်းသတိပေးမှုများ ပြုလုပ်ခဲ့သည်။
အလားတူ မုန်တိုင်းဒဏ်ခံရနိုင်သည့် ကော့စ်ဘာဇားဒေသအတွင်းမှ လူပေါင်း ၁၈၅၉၀၀ ကို လုံခြုံ သည့်နေရာများကို သက်ဆိုင်ရာမှ ရွေ့ပြောင်းထားကြောင်း ဘင်္ဂလီသတင်းများတွင် ဖော်ပြထားသည်။
အ၀ကျွန်းဒေသတွင်လည်း ယနေ့နံနက်ပိုင်းကတည်းက လေပြင်းတိုက်ခိုက်များကြောင်း ဘုန်းတော် ကြီးကျောင်းနှင့် အဆေက်ဦးတချို့တွင် ပျက်စီးမှု တချို့ရှိ ခဲ့ကြောင်း သိရသည်

No comments :
Post a Comment