Blogger Widgets

Monday 27 May 2013

နေရာတကာမှာ အနိုင်ကျင့်နေကြပြီလား

ပြည်ခရိုင်၊ ရွေတောင်မြို.၊စစ်မှုထမ်းဟောင်းအဖွဲ့ အလုပ်အမှုဆောင်ရွေးချယ်ရာမှာ မမှန်မကန်မှုတွေ၊ မတရာမှုတွေ။ ပွင့်လင်းမြင်သာမှုကင်းဝေးနေတာတွေကြောင့် စစ်မှုထမ်းဟောင်းတွေကြား မကျေမနပ်ဖြစ်နေကြတယ်လို. ကြားသိရပါတယ်။
ယခုနှစ်အလုပ်အမှုဆောင်ရွေးပွဲမှာ အလုပ်အမှုဆောင်( ၁၁ဦး)ရွေးချယ်ရမှာဖြစ်ပြီး ယခင်အမှုဆောင်ဟောင်း( ၇)ဦးက ကြိုတင်ကြံစီလျက် အကျင့်စာရိတ္တမကောင်းသူ၊ ငွေကြေးအလွဲသုံးစားမှုရှိသူများကို အမှုဆောင်အဖြစ် ဇွတ်အတင်းတင်သွင်းပြီး ရွေးချယ်ခဲ့ကြကြောင်းသိရသည်။
ထိုကြောင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ မကျေမနပ်မှုများရှိနေကြောင်း။ အထူးသဖြင့် စစ်မှုထမ်းဟောင်းအများစုနေထိုင်သော ရွှေတောင်မြို့နယ်၊ စံပြရပ်ကွက်မှာ စစ်မှုထမ်းဟောင်းရွေးချယ်မှုစနစ် ပွင့်လင်းမြင်သာမှုမရှိ။ ဥပဒေနှင့်မညီ။ အသက် (၇၀)ကျော်များပါ ရွေးချယ်ထားကြောင်း။
မြို့နယ် ဒုတိယဥက္ကဌ ဗိုလ်ကြီးဟောင်းဝင်းမြင့်နှင့် တပ်ကျပ်ဟောင်း ထွန်းမြင့်တို့ နှစ်ဦးပူးပေါင်း၍ စစ်မှုထမ်းဟောင်းများကို ငွေကြေးအလွဲသုံးစားမှုများထင်သလို လုပ်ကိုင်နိုင်ရန် ပုလင်းတူဗူးဆို့များကိုသာ အလုပ်အမှုဆောင်အဖြစ် ရွေးချယ်သွာေးကြာင်းသိရပါသည်။
၎င်းတို့ နှစ်ဥိးမှာ --

(၁) ဦးပိုင်မှ ချပေးသော ငွေများ
( ၂) သက်ကြီးရံပုံငွေများ
( ၃) စစ်မှုထမ်ဟောင်း မော်တော်ယာဉ်လိုင်းမှရရှိသော ငွေများကို အလွဲသုံးစားပြုနေသူများဖြစ်ပြီး ယခုအချိန်-ယခုနှစ်တွင်ပါ ယင်းငွေများကိုကိုယ်ကျိုးသုံးစွဲနိုင်ရန် အမှုဆောင်ရွေးချယ်မှုကိုပါ သူတို့စိတ်ကြိုက် လုပ်ဆောင်သွားကြောင်း သိရှိရပါသည်။
စစ်မှုထမ်းဟောင်းများအတွက် ထိုလူမျိုးများရှိနေသ၍ မြန်မာပြည်ကြီးဆက်လက် ပျက်စီးနေမည်။ တပ်မတော်လဲသိက္ခာကျနေဦးမည်]ု ထင်မြင်ယူဆသဖြင့် အများပြည်သူ သိရှိနိုင်ရန် တင်ပြလိုက်ရခြင်းဖြစ်ပါ သည်။

စစ်မှုထမ်းဟောင်းများ၊
စံပြရပ်ကွက်၊
ရွေတောင်မြို.နယ်၊
ပဲခူးတို်င်းအနောက်ချမ်း။

No comments :

Post a Comment

Blogger Widgets
Back to Top