Blogger Widgets

Monday 13 May 2013

ဗီလိန် ဇာတ်ကား မရိုက်တာ မရိုက်ချင်သေးလို့ပါ ဆိုတဲ့ ယုသန္တာတင်

ကာရိုက်တာတွေ ရွေးချယ်တဲ့ အခါ ယု ကွဲကွဲပြားပြား ဖြစ်အောင် ဘယ်လို ရွေးချယ် ဖြစ်လဲဆိုတော့ ရွေး
ချယ် တယ်လို့လည်း မဟုတ်ပါ ဘူး။ ဒီအနုပညာ ပျိုးခင်းနဲ့ပဲ ရိုက်နေ တာဆိုတော့ သူတို့တွေ အကုန်လုံး
က ကိုယ်နဲ့လိုက်မယ့် ဇာတ်ကို တစ် ခါတည်း ရွေးပေး ထားတယ်။ အခု ထက်ထိ ယု ရိုက်ခဲ့တဲ့ ဇာတ်လမ်း
တွေအား လုံးလည်း စိတ်တိုင်း ကျပါ တယ်။ သူတို့ ရွေးချယ် ပေးတဲ့ ဇာတ် လမ်းတွေက ယု ကြိုက်တာနဲ့
တစ် ထပ်တည်း ကျပါတယ်။

ဇာတ်ကား တွေ ထွက်လာ ပြီဆိုပေမယ့် ကာ ရိုက်တာ တွေကတော့ မစုံသေးပါ ဘူး။ ဒီလိုပဲ ကာရိုက်တာ
တစ်ခုပြီး တစ်ခုတော့ တောက်လျှောက် ရိုက် နေတာပဲလေ။ ကာရိုက်တာ အလှုပ် တွေရိုက် တဲ့ အခါ အ
ခက်အခဲ တွေတော့ မရှိပါဘူး။ အလှုပ်ကလေး တွေရိုက်တဲ့ အခါလည်း အဆင်ပြေ ပါတယ်။

အခုရိုက်နေတဲ့ "မီးတောင် ပျိုများ" ကားထဲက ကာရိုက်တာလို တည်တည် ရိုက်တဲ့ အခါကျတော့ ယု မျက်နှာနဲ့ ပိုပြီးတော့ လိုက်ဖက်ပါ တယ်။ ယုက စသျန ပေးရင်လည်း အတည်ဖက်ကို သွားတာများပါ
တယ်။

အဲဒါက ဘယ်လိုကြောင့်ဆို ပြီးတော့ မဟုတ်ပါဘူး။ ကြော်ငြာ တွေ ရိုက်တဲ့ အခါကျရင် သူတို့ လိုအပ်တဲ့ ပုံစံမျိုး ကိုယ်ကလုပ်ပေး ရတာပါပဲ ဗီလိန် ဇာတ်ကားမျိုးတွေ လောလော ဆယ်မှာတော့ မရိုက်ချင်သေး
ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ရိုက်ချင်တဲ့ စိတ်မရှိသေး လို့ပါပဲ။ တခြားတော့ ဘာအကြောင်းမှမ ရှိပါဘူး

No comments :

Post a Comment

Blogger Widgets
Back to Top