Blogger Widgets

Wednesday 29 May 2013

လားရှိုးဒေသခံများမှ မီဒီယာသမားများကို ရိုက်လွှတ် သဖြင့် ၂ ဦး ဒဏ်ရာရ

လားရှိုးမြို့ မီးရှို့မှုတွေနဲ့ ပဋိပက္ခတွေအကြောင်း လိုက်လံသတင်းရိုက်ယူနေတဲ့ အိုင်စီဂျေ အလွတ်သတင်းသမား ၂ ဦးကို ဒေါသထွက်နေတဲ့ ဒေသခံလူအုပ်စုတစ်စုက လာရောက် ရိုက်နှက်သွားတဲ့အတွက် ဦးခေါင်းနဲ့နောက်ကျောဘက်တွေမှာ ဒဏ်ရာရ သွားပါတယ်။

လားရှိုးမြို့ (၇) ရပ်ကွက် အနီးနားမှာ စားသောက်ဆိုင်တခုကို ဖျက်ဆီးနေတဲ့ သတင်းယူနေစဉ် ဒီကနေ့ညနေပိုင်းက အရိုက်ခံရ တာဖြစ်ပါတယ်။

အရိုက်ခံရတဲ့ အိုင်စီဂျေသတင်းသမားက “ကျနော်ကိုယ်တိုင် အရိုက်ခံရတယ်။ ခေါင်းကွဲသွားတယ်။ ရပ်ကွက် ၇ ထဲမှာပါ။ ကျနော်နဲ့အတူပါလာတဲ့သူက ကျောကုန်းမှာ အရိုက်ခံရတယ်။ ကျနော်တို့ ကင်မရာကို ဘေးမှာလွယ်ပြီး အခြေအနေကို ကြည့်နေတဲ့အချိန်မှာ ဆိုင်ကယ်အုပ်လိုက်ကြီးက လာတယ်။ ပြီးတော့ ပြေးဆင်းလာပြီး ကျနော့်ကင်မရာကို ဆွဲယူတယ်။ ကျနော့်ဘေးက သူငယ်ချင်းရဲ့ ကင်မရာကို ဆွဲယူတယ်။ မင်းတို့က မှတ်တမ်းရိုက်တာလားဆိုပြီး ဆွဲယူတော့ မဟုတ်ပါဘူးဆိုပြီးပြောတယ်။ အဲမှ ကင်မရာပေးဆိုပြီး ယူတယ်။ ကျနော်တို့က ကင်မရာတော့ မယူနဲ့၊ Memory Card မန်မိုရီကတ်ပဲ ယူသွားပါဆိုပြီး ကတ်တွေ ထုတ်ပေးလိုက်တယ်။” လို့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်ကို ပြန်ပြောပြပါတယ်။

လားရှိုးမြို့မှာ အစိုးရက ပုဒ်မ ၁၄၄ ထုတ်ထားပေမယ့် အခြေအနေက ဆိုးဝါးနေဆဲပဲလို့ ဆိုပါတယ်။

“လူအုပ်ကြီးက ဆိုင်ကယ်တွေ၊ ကားတွေ၊ သုံးဘီးတွေနဲ့ သွားနေတော့ ဒီဘက်မှာ လုံခြုံရေးချလိုက်ရင် ဟိုဘက်ကို သွားတယ်။ ဟိုဘက်မှာ လုံခြုံရေး ချလိုက်ရင် ဒီဘက်ကိုသွားတယ်။ ဟိုရွှေ့လိုက်ဒီရွှေ့လိုက် ဖြစ်နေတယ်။”

မနေ့ညနေက ဗုဒ္ဓဘာသာ အမျိုးသမီးတဦး မွတ်ဆလင် ကုလားမှ ဓာတ်ဆီလောင်းမီးရှို့ခံရမှုကစခဲ့တဲ့ ပဋိပက္ခဟာ ညက ဘာသာရေးအဆောက်အဦ နဲ့ စာသင်ကျောင်း မီးရှိ့ခံခဲ့ရပြီး ဒီကနေ့ ရုပ်ရှင်ရုံနဲ့ စားသောက်ဆိုင်တွေအပါအ၀င် အဆောက်အဦတွေကို လိုက်လံမီးရှိ့မှုတွေ ဆက်လက်ဖြစ်ပွား နေပါတယ်။ လားရှိုးမြို့မှာ သတင်းလိုက်နေတဲ့ တခြားသတင်းဌာနတွေက သတင်းထောက်တွေ တိုက်ခိုက်ခံရတဲ့သတင်းကတော့ မကြားသိ ရသေးပါဘူး။

No comments :

Post a Comment

Blogger Widgets
Back to Top