မြန်မာ့လေကြောင်းလိုင်းပိုင်လေယဉ်ဟာ အခုလို
လေယဉ်ပြေးလမ်းမပေါ်ကနေ အရှိန်လွန်သွားတာဟာ ဘရိတ်အုတ်တဲ့ စနစ်ချွတ်ယွင်း
မှုကြောင့် ဖြစ်တယ်လို့ လည်းဆိုပါတယ်။
လေယဉ် အရှိန်လွန်သွားတဲ့
လေယဉ်ကွင်းဟာ မိုင်းဆတ်လေယဉ်ကွင်းဖြစ်ပြီး ခရီးသည်တင်ဆောင်လာတဲ့
လေယဉ်ဟာ ဟဲဟိုးမြို့ကနေ မိုင်းဆတ်ကို အဆင်း မနက် ၁၁နာရီ
၅၅မိနစ်လောက်မှာ ဖြစ်ခဲ့တာလို့လည်း သိရပါတယ်။
လက်ကျိုးဒဏ်ရာရရှိသွားတဲ့
အမျိုးသမီး ၂ဦးကို အနီးရှိ စစ်ဆေးရုံမှာတင်ပြီး ကုသမှုတွေ
ပေးနေတယ်လို့လည်း သိရပါတယ်။ လေယဉ်ဟာ လေယဉ်ပြေးလမ်းမပေါ်ကနေ ဂိုက် ၂၀၀
လောက် အထိ အရှိန်လွန်ခဲ့တာ ဖြစ်ပါတယ်။ လေယဉ်ရဲ့ ဝဲဘက်တောင်ပံ နဲ့
ဝဲဘက်ဘီး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာ နိုင်ငံမှာ
မြန်မာလေကြောင်းလိုင်းအပါအဝင် ပုဂ္ဂလိကပိုင်လေကြောင်းလိုင်းများ
ဖြစ်ကြတဲ့ Air Mandalay, Yangon Airways, Air Bagan, Asian Wings
နဲ့ Air Kanbawza ဆိုတဲ့ လေကြောင်းကုမ္ပဏီတွေ လဲ ရှိ ခဲ့ပါတယ်။
ပြီးခဲ့တဲ့
နှစ်ကုန်ပိုင်းလောက်က Air Bagan ပိုင် Fokker လေယဉ်အမျိုး အစားဟာ
ဟဲဟိုး လေဆိပ် အဆင်းမှာ ပျက်ကျရာက လေယဉ်ပေါ်ပါလာတဲ့ ခရီးသည်တဦးနဲ့
လမ်းပေါ်က မော်တော်ဆိုင်ကယ် စီးနေသူတဦး သေဆုံး ခဲ့ပါတယ်။
သီးခြားရရှိတဲ့
သတင်းတွေ အရ အခုလို အရှိန်လွန်သွားတဲ့ လေယဉ်အမျိုးအစားဟာ Fokker
လေယဉ်အမျိုးအစား မဖြစ်နိုင်တဲ့ အကြောင်း မြန်မာ လေကြောင်းလိုင်းအနေနဲ့
Fokker လေယဉ်အမျိုးအစား တွေကို အသုံးချမှုကို ဒီနှစ်
နှစ်ဦးပိုင်းကတည်းက ရပ်တန့် လိုက်ပြီဖြစ် တယ်လို့ ဆိုပါတယ်။
Eleven သတင်းမီဒီယာထဲမှာတော့ လေယဉ်အမျိုးအစားကို တရုတ်နိုင်ငံထုတ် MA 60 လေယာဉ် ဖြစ်တယ်လို့ဖေါ်ပြထားပါတယ်

No comments :
Post a Comment