Blogger Widgets

Saturday 4 May 2013

ကရင်စစ်ပြေးဒုက္ခသည်များ နေရာချရန် ကေအင်န်ယူစီစဉ်

ရန်ကုန်- ကေအင်န်ယူ ထိန်းချုပ်နယ်မြေ ထားဝယ်၊ မြိတ်ခရိုင်အတွင်း ရှိ နယ်မြေအချို့တွင် စစ်ပြေးကရင်
ဒုက္ခသည်များနေရာချထားပေးရန်အတွက် နယ်မြေများသတ်မှတ်တိုင်းတာမှုပြုလုပ်နေပြီဖြစ်ကြောင်း ထား
ဝယ်၊ မြိတ်ခရိုင် ကရင်အမျိုး သားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ဦးစောဟူရယ်က ပြောသည်။

ပလောမြို့နယ်ရှိ စန္ဒီပလောနှင့် မေတ္တာမြို့နယ်ခွဲရှိ ကျိုက်ထီးတောင်တို့တွင် ရွာအသစ်တည်ရန် သက်ဆိုင်
ရာတိုင်းဒေသကြီးအစိုးရ အဖွဲ့သို့တင်ပြထားကြောင်း ယင်း နေရာတွင် ပြည်တွင်းရှိ စစ်ပြေး ဒုက္ခသည် အိမ်
ထောင်စု ၃၅ စုကျော်ကို နေရာချထားရန် ပြင်ဆင်နေကြောင်း ၎င်းကပြောသည်။

တောတောင်များတွင် နေထိုင်သော ပြည်တွင်းရှိ ကရင်ဒုက္ခသည်များကို ပထမအဆင့် စာရင်းကောက် ယူပြီး ဒုတိယ အဆင့် နေရာ ချထား ပေးခြင်းနှင့် ဘ၀ ထူထောင်ပေးခြင်း များကို ခြောက်လ ကြာ လုပ်
ဆောင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“တောမှာနေမလား၊ ပြောင်း ပေးတဲ့နေရာနေမလား။ ဘယ်မှာ ဆိုတာကို ခြောက်လလောက် စာရင်း
ကောက်မယ်။ အခုတော့ ပညာပေးအဆင့် လုပ်ပြီးသွားပါပြီ”ဟု ၎င်းကဆိုသည်။

ကရင်အမျိုးသား အစည်းအရုံးထိန်းချုပ်နယ်မြေဖြစ်သော ထားဝယ်၊ မြိတ်ခရိုင် တပ်မ ၄ ရှိရာနယ်မြေ ထားဝယ်-ကန်ချနပူရီထိုင်း ကားလမ်းရှိ မြေနေရာများ တွင်လည်း နေရာချ ထားပေးရန် အစီ အစဉ်ရှိ
ကြောင်းတောတောင် များတွင် ပြန့်ကျဲနေသော ပြည်တွင်းနေ ကရင် ဒုက္ခသည် များကို ဦးစွာနေရာချ
ထားပေးပြီး ပြည်ပရှိ ကရင်ဒုက္ခသည်များ နေရာချပေးရေး စီစဉ်ရှိကြောင်း ဦးစောဟူရယ်က ပြောသည်။

ထိုင်းနိုင်ငံရှိ ကရင်ဒုက္ခသည်များနှင့်ပတ်သက်ပြီး ထိုင်းအခြေစိုက် ကရင်ဒုက္ခသည် ကော်မတီကို ကရင်
ပြည်နယ် အစိုးရအဖွဲ့နှင့် နယ်စပ် လုံခြုံရေး ဗိုလ်မှူးအောင်လွင် အဖွဲ့တို့က ကရင်ပြည်နယ် ဘားအံ မြို့
တွင် ဧပြီ ၂၅ ရက်က တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုတွင် ကရင်ဒုက္ခသည် အိမ်ခြေ ၅၀ ကို အစမ်းနေထိုင်
ရန် ဖိတ်ခေါ်သည့် ကရင်ဒုက္ခသည် ကော်မတီကသတင်းထုတ်ပြန်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ကန်ချနပူရီ နယ်စပ် လမ်းတစ်လျှောက် ရှိ ထီးခီး၊ အမ်ရိုင်း၊ ဆင်ဖြူဒိုင်၊ ကသလာထီး၊ အမိုကျေးရွာ မယ်ဇလီထီး အပါအ၀င် ကျေးရွာ ၂၀၀ ကျော်သည် ၁၉၇၅ - ၁၉၉၇ ခုနှစ်
အ ထိ အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံးတို့ ဖြစ်ပွားသော နှစ်ဖက်စစ်ပွဲများကြောင့် ရွာလုံးကျွတ် ပျက်စီးဆုံးရှုံးခဲ့သော ကရင်တပ်မ ၄ ၏မြေနေရာများဖြစ်သည်ဟုကေအင်န်ယူအဖွဲ့က ဆိုသည်

No comments :

Post a Comment

Blogger Widgets
Back to Top