ရန်ကုန် မေ ၁၅
ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေသည် ဗဟန်းမြို့နယ် တက္ကသိုလ် ရိပ်သာ လမ်းသစ်ရှိ စက်မှု ၀န်ကြီးဌာန အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟို ဌာန၌ ယနေ့ နံနက် ၁၀ နာရီတွင် UN Global Compact; Promoting Responsible Business in Myanmar ဆွေးနွေးပွဲ အခမ်းအနား၌ ကျင်းပသော နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်

မှုတွင် ပုဂ္ဂလိက ကဏ္ဍသည် အခြေခံ ကျသဖြင့်
နိုင်ငံတော် အစိုးရ အနေဖြင့် ပုဂ္ဂလိက ကဏ္ဍ ရှင်သန်မှုကို အရှိန်အဟုန် မြင့်မား
လာစေရန် ဆောင်ရွက်လျက် ရှိကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးသည် မြန်မာ
နိုင်ငံ၏ စီးပွားရေး သော့ချက်ဖြစ်ပြီး သီလ၀ါ အထူး စီးပွားရေး ဇုန်သည်
မြန်မာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုတွင် အရေးပါသော ကဏ္ဍတွင်
ပါဝင်ကြောင်း၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု အများစုသည် တိုင်းဒေသကြီး
အတွင်း အခြေချ ဆောင်ရွက် ကြသည်ကို တွေ့ရှိရမည် ဖြစ်၍ လူမှုရေး တာဝန်
ကျေပွန်သော စီးပွားရေး လုပ်ငန်း အဖွဲ့များ ဖြစ်ထွန်းနိုင်ရေး စီစဉ်
ဆောင်ရွက်လျက် ရှိကြောင်း၊ ယနေ့ ဆွေးနွေးပွဲတွင် UN Global Compact နှင့်
ပတ်သက်ပြီး ရှင်းလင်း ဆွေးနွေးမှာ ဖြစ်ကြောင်း သိရှိရသည့် အတွက် လူမှုရေး
တာဝန် ကျေပွန်သော စီးပွားရေး လုပ်ငန်းများ ရှင်သန် ကြီးထွားရေးတွင် UN
Global Com-pact က အထောက်အကူ ပြုမှာ ဖြစ်ကြောင်းဖြင့် ပြော ကြားခဲ့ကြောင်း
သတင်း ရရှိသည်

No comments :
Post a Comment