- 11 May 2013 |
- By The Voice Journal
ဟင်္သာတ
မြို့နယ် ကျုံတွမ် ကျေးရွာ တွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က
တပ်မတော်သား သုံးဦးက လူငယ် တစ်ဦးကို ဝိုင်းဝန်း ရိုက်နှက် သောကြောင့် အသက်
၁၆ နှစ်ခန့် လူငယ်တစ်ဦး သေဆုံးမှုကို တပ်မတော် တရားရုံးက ထောင်ဒဏ်
သုံးနှစ်စီ ချမှတ်ခဲ့ကြောင်း ယင်းတပ်မတော် သားများ တာဝန် ထမ်းဆောင်သည့်
အမှတ် (၁၈) ခြေလျင် တပ်ရင်းနှင့် မိသားစု ဝင်များ ထံမှ စုံစမ်းသိရှိရသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အသက် ၁၆ နှစ်အရွယ်
မောင်သန်းထိုက်အောင်သည် ည ၈ နာရီခန့်၌ အမှတ် (၁၈) ခြေလျင်တပ်ရင်း ရှေ့တွင်
လမ်းဖြတ်ကူးသည့် တပ်မတော်သား တစ်ဦးကို ဆိုင်ကယ်ဖြင့် တိုက်မိသဖြင့်
အခြားတပ်မတော်သား သုံးဦးဖြစ်သော တပ်ကြပ် ကျော်ကျော်၊ တပ်ကြပ်ပြည့်စုံ၊
တပ်ကြပ် လွှမ်းမိုးအောင် တို့က အဆိုပါ လူငယ်ကို ဝိုင်းဝန်း ထိုးကြိတ်
ရိုက်နှက်ကြရာ ဒဏ်ရာရ ရှိသဖြင့် ဆေးရုံတင် ကုသရာမှ ဒီဇင်ဘာလ ၂၇ ရက်နေ့၌
ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် သေဆုံး သွားသည့် အမှု ဖြစ်သည်။
သေဆုံးသူ၏ အုပ်ထိန်းသူ ဦးအောင်မင်းနိုင်က ပြစ်ဒဏ်ကို မကျေနပ် သဖြင့်
သက်ဆိုင်ရာ အဆင့်ဆင့်ကို ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
ပြစ်မှုကျူးလွန် သူများမှာ တပ်မတော်သားများ ဖြစ်သည့်အတွက် တပ်မတော်က
လွှဲပြောင်းစစ်ဆေးခြင်း ဖြစ်ပြီး ပြစ်ဒဏ် ချမှတ်မှုနှင့် ပတ်သက်၍
ရဲတပ်ဖွဲ့စခန်းသို့ အကြောင်းကြားခြင်း မရှိကြောင်း ဟင်္သာတ မြို့နယ်အမှတ် (၁)
ရဲတပ်ဖွဲ့ စခန်းမှူးက ပြောကြားသည်။ အဆိုပါပြစ်ဒဏ် ချမှတ်မှုနှင့် ပတ်သက်၍
The Voice က အမှတ် (၁၈) ခြေလျင်တပ်ရင်းသို့ နှစ်ရက်ဆက်တိုက် သွားရောက်
စောင့်ဆိုင်း မေးမြန်းသော်လည်း ပြန်လည်တွေ့ဆုံ ဖြေကြားခြင်း မပြုပေ

No comments :
Post a Comment