Blogger Widgets

Monday 13 May 2013

အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့် ပေါစခိုးလ်

  မန်ချက်စတာ ယူနိုက်တက် အသင်းမှ ကွင်းလယ် ကစားသမား ပေါစခိုးလ်သည် ရာသီကုန်မှာ အသင်းမှ အနားယူတော့မည်ဟု ဆုံးဖြတ်လိုက်ခြင်းသည် အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်ပြီး ရာသီကုန်မှာ အနားယူခြင်းသည် အသင့်တော်ဆုံး အချိန်မှာ အနားယူခြင်းဖြစ်သည်ဟု ဆိုသည်။
  သူသည် မန်ယူ အသင်း နည်းပြ ဖာဂူဆန် နည်းပြ ဘ၀မှ အနားယူတော့မည်ဟု ထုတ်ပြန် ကြေငြာပြီးနောက် သူကပါ ရာသီကုန်မှာ ကစားသမားဘ၀မှ အနားယူတော့မည်ဟု ကြေငြာခဲ့ခြင်း ဖြစ်သည်။ ဒါဟာ ပေါစခိုးလ်အတွက် ဒုတိယ အကြိမ်မြောက် ကစားသမားဘ၀မှ အနားယူခြင်း ဖြစ်ပြီး သူသည် ၂၀၁၁ က ကစားသမားဘ၀မှ ပထမအကြိမ် အနားယူခဲ့သည်။သိုYသော် သူသည် နောက်တစ်နှစ် အကြာမှာ ဖာဂူဆန်၏ ဆန္ဒအရ ပြန်လည် ကစားခဲ့ပြီးနောက် ဒုတိယ အကြိမ် ကစားသမား ဘ၀မှ ပြန်လည် အနားယူခြင်း ဖြစ်သည်။ သူသည် ယခုရာသီမှာ ဒူးဒဏ်ရာကြောင့် ပြီးခဲ့သည့် ၄ လခန့်တွင် အနားယူ နေရပြီး မနေ့က ဆွမ်ဆီး အသင်းနှင့်ပွဲတွင် ပထမဆုံးပြန်လည် ပါဝင်ခဲ့ခြင်းလည်း ဖြစ်သည်။ ပေါစခိုးလ်က သူသည် ဒူးဒဏ်ရာမှ ကြံခိုင်မှု ပြည့်ဝရန် ကြိုးစားနေရသလို ၊ ရာသီကုန်မှာ အနားယူရခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း ၊ ဒီတစ်ကြိမ်မှာ ကစားသမား ဘ၀ကို လုံးဝပြန်လာမှာ မဟုတ်တော့ကြောင်း ဆိုသည်။ သူသည် မန်ယူ အသင်း၏ ယခုရာသီ နောက်ဆုံးပွဲစဉ် ဖြစ်သည့် ၀က်ဘရွန်း အသင်းနှင့် ပွဲစဉ်မှာ သူ၏ ကစားသမားဘ၀ နောက်ဆုံး ပွဲစဉ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ကြောင်း သိရသည်
 
No comments :

Post a Comment

Blogger Widgets
Back to Top