ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်းသည်
မုန်တိုင်းငယ်အဖြစ်သို့ အားကောင်းလာကာ မေလ ၃၀ ရက် နံနက်ပိုင်းခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ
ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော် က မေလ ၂၉ ရက်နေ့တွင် ပြောသည်။

မုန်တိုင်းငယ်သည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသော်လည်း မုတ်သုံ
လေအား ကောင်းမည့် အခြေအနေများကို သတိပြုရန်လိုကြောင်း ၎င်းက ပြောသည်။

"ဒီမုန်တိုင်းငယ်လေးက ဘင်္ဂလားဒေရှ့်ကမ်းခြေနဲ့ မိုင် ၆၀၊ ၇၀ လောက်ပဲဝေးတယ်။ မြောက်ဘက်ကို
ရွေ့ပြီးနောက် ၁၂နာရီအတွင်းကမ်းကိုဖြတ်မယ်။ မြန်မာနိုင်ငံဘက်ကို မလာဘူး၊ အ၀ါရောင်အဆင့်ပဲ
ရှိတယ်။ မြန်မာ နိုင်ငံဘက်မှာတော့ (မုန်တိုင်းအရှိန်ကြောင့်)မိုးရွာမယ်။ အဲဒီမုန်တိုင်းကမ်း ဖြတ်
လိုက်ရင် ရခိုင်၊ ချင်း၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း) တွေမှာမိုးရွာမယ်။ ရခိုင်ကမ်းလွန်
ပင်လယ်ပြင်မှာ တစ်နာရီ မိုင် ၄၀-၄၅ နှုန်းနဲ့ လေပြင်းတိုက်မယ်။ မုန်တိုင်းဒီရေ တွေ ဘာတွေတော့
မတက်ဘူး"ဟု ဦးချစ်ကျော်က ပြောသည်။

မုန်တိုင်းကြောင့်မုတ်သုံလေ အားကောင်းနိုင်ကာ မုတ်သုံလေအားကောင်းမှုသည် ဇွန်လ ၃ ရက်
နေ့ထိ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း၎င်းက ပြောသည်။

အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများသို့ ဇွန်လ ၁ရက်မှ ၅ ရက်
အတွင်းဝင်ရောက်နိုင်ကြောင်း ဦးချစ်ကျော်က ပြောသည်။

No comments :
Post a Comment