Blogger Widgets

Saturday, 25 May 2013

ကမ္ဘာ့အကြီးဆုံး အာကာသကြည့်မှန်ပြောင်းဖြင့် စကြ၀ဠာကို လေ့လာတော့မည်

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း၁၅နိုင်ငံက ကမ္ဘာ့အကြီးဆုံး အာကာသကြည့်မှန်ပြောင်းကြီးကို တောင်အမေရိကတိုက်၊ ချီလီနိုင်ငံ၊ ဆာရိုတောင်ထိပ်မှာ ပူးပေါင်းတည်ဆောက်တော့မယ်လို့ ဇွန်လ၁၂ရက်က သတင်းထုတ်ပြန်လိုက်ကြပါပြီ။ဒီအဝေးကြည့်မှန်ပြောင်းမှာ ပေ၁၃၀(မီတာ၄၀)လောက်ရှိတဲ့ ပုံရိပ်တွေကို ရှင်းလင်းပြတ်သားစွာ မြင်ရမှာမို့လို့ ဒီလိုမျိုးအာကာသကြည့်မှန်ပြောင်းကနေ ကြယ်တာရာတွေ၊ ဂြိုဟ်တွေ၊ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေ၊ နေတွေ၊ လတွေ၊ တွင်းနက်ကြီးတွေ၊ နဂါးငွေ့တန်းတွေကအစ စကြ၀ဠာထဲက အရာမှန်သမျှကို အသေးစိတ်လေ့လာနိုင်တော့မှာပါ။ ဒီမှန်ပြောင်းကြီးကို ပေပေါင်းတစ်သောင်း (မီတာသုံးထောင်)ကျော်မြင့်တဲ့ တောင်ထိပ်ပေါ်မှာ တင်ထားမှာမို့လို့ မြင်ကွင်းတွေကိုလည်း ရှင်းရှင်းလင်းလင်းနဲ့ လေ့လာနိုင်ပါတယ်။ ၂၀၂၂ခုနှစ်ဆိုရင် ဒီမှန်ပြောင်းကိုသုံးပြီး အွန်လိုင်းပေါ်ကတောင်မှ ကြည့်လို့ရပြီလို့ ဆိုပါတယ်။ ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ယူရိုသန်း၁၀၈၀တောင်မှ ကုန်ကျလိမ့်မယ်လို့ တွက်ဆထားကြပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top