Blogger Widgets

Wednesday 8 May 2013

မန်ချက်စတာ ယူနိုက်တက် နည်းပြဘ၀မှ ဖာဂူဆန် အနားယူမည်

   မန်ချက်စတာ ယူနိုက်တက် နည်းပြဘ၀မှ ဖာဂူဆန် အနားယူမည် ပရီးမီးယားလိဂ်မှ မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ ဖာဂူဆန်သည် ယခုရာသီကုန်မှာ နည်းပြအဖြစ်မှ အနားယူတော့မှာ ဖြစ်ကြောင်း BBC Sports ရဲ့ဖော်ပြချက်အရ သိရသည် ။   စကော့တလန် လူမျိုးနည်းပြ ဖာဂူဆန်သည် မန်ယူ အသင်းအား ၁၉၈၆ နိုဝင်ဘာလ ၆ ရက်နေ့မှ စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂၆ နှစ်ကြာ ကိုင်တွယ်မှုကို ရာသီကုန်မှာ အဆုံးသတ်တော့မှာ ဖြစ်သည်။ဖာဂူဆန်သည် အနားယူချိန်မှာ အသက် ၇၁ နှစ်အရွယ် ရှိနေပြီး ဖြစ်ပြီး သူသည် မန်ယူ အသင်း အတွက် အမှတ်ပေး ဖလား (၂၀)ကြိမ် ၊ ချန်ပီယံလိဂ်ဖလား (၂) ကြိမ် ၊ FA ဖလား (၅)ကြိမ် နှင့် ရှုံးထွက်ဖလား (၄)ကြိမ် ရရှိအောင်
စွမ်းဆောင်ပေးထားခဲ့သည်။ ရာသီကုန်မှာ အနားယူမှာနဲ့ ပက်သက်ပြီး " မိမိသည် အခုလို အနားယူရန် စဉ်းစား ဆုံးဖြတ်ရခြင်းသည် အခက်ခဲဆုံး ဖြစ်ပြီး ၊ ရာသီကုန်မှာ အနားယူရန် ဆုံးဖြတ်ရခြင်းမှာ အမှန်ကန်ဆုံး အချိန်ဖြစ်သည် " ဟု ဖာဂူဆန်က ပြောခဲ့သည်။
  သူက ဆက်လက်ပြီး မန်ယူ အသင်းအား ပရီးမီးယားလိဂ်ရဲ့ အတောင့်တင်းဆုံး အသင်း အဖြစ် ထားရှိရန်မှာ အရေးအကြီးဆုံးဖြစ်ပြီး ၊ အသင်းမှ အနားယူချိန်မှာ အသင်းသည် ဆက်လက် ရှင်သန်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောခဲ့သည်။ လက်ရှိ အမှတ်ပေး ဖလားအား ရရှိခဲ့သည့် မန်ယူအသင်း လူစာရင်းသည် အတောင့်တင်းဆုံး ဖြစ်သလို ၊ အသင်းမှ ကစားသမား အများစုမှာ လူငယ် ကစားသမားများ ဖြစ်တာကြောင့် အသင်းရဲ့  အာင်မြင်မှုကို ဆက်လက် လက်ဆင့်ကမ်းနိုင်မည်ဟု ဖာဂူဆန်က ယုံကြည်နေသည်။ အနာဂတ်မှာ မန်ယူအသင်းအား ဆက်လက်အောင်ပွဲခံနိုင်ရန် စီစဉ်ထားခဲ့သည့် ဖာဂူဆန်သည် နည်းပြဘ၀မှ အနားယူပြီးနောက်မှာ အသင်းမှာ ဆက်လက် တာဝန်ထမ်းဆောင်ဖြစ်ကြောင်း သိရပြီး သူသည် အသင်း ဒါရိုက်တာ တစ်ဦးအဖြစ် သာမက ၊ အသင်းရဲ့ သံတမန်အဖြစ်ဆောင်ရွက်သွားမှာ ဖြစ်သည်။ ဖာဂူဆန်က သူ၏အောင်မြင်မှုများ အတွက် နည်းပြ သက်တမ်း တလျောက် အားပေးခဲ့သည့် ဇနီးဖြစ်သူနှင့် မိသားစုဝင်များအား ကျေးဇူးတင်ရှိနေကြောင်း ပြောခဲ့ပြီး သူတို့သည် ဖာဂူဆန်အား အမြဲမပြတ် ထောက်ခံ အားပေးခဲ့တာကြောင့် အောင်မြင်မှု ရရှိခဲ့တာဖြစ်ကြောင်း ပြောခဲ့သည်။ထို့အပြင် ဖာဂူဆန် က နည်းပြ သက်တမ်းတလျောက် လက်တွဲခဲ့ကြသည့် ကစားသမားများ ၊ အသင်းမှ ၀န်ထမ်းများအား သူ၏ ရုန်းကန်ရသည့် အခြေအနေမှ အောင်မြင်မှုများ ရရှိသည်အထိ ကူညီပေးခဲ့သူများ အဖြစ်မှတ်ယူ ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး ထိုသူများမရှိပဲ သူ၏အောင်မြင်မှုများ မရနိုင်ကြောင်း ပြောခဲ့သည် ။
  ထို့အပြင် ဖာဂူဆန် သည် အသင်းပိုင်ရှင်အသစ်များ ဖြစ်ကြသည် ဂလေဇာ မိသားစုကိုလည်း သူ၏အရည်ချင်းများကို အစွမ်းကုန် အသုံးပြုခွင့် ရရှိအောင် အခွင့်ရေးပေးခဲ့သည့် အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့သည် ။ ဖာဂူဆန် သည် မန်ယူ အသင်းနှင့် အတူ ၁၉၉၉ တွင် ဖလားသုံးလုံး ရရှိခဲ့သလို အသင်းအတွက် အောင်မြင်မှုများ အမြားအပြား ရယူပေးနိုင်ခဲ့သည့် အတွက် အင်္ဂလိပ် ဘောလုံးလောက၏ အအောင်မြင်ဆုံး နည်းပြ တစ်ဦးအဖြစ် သတ်မှတ်ခြင်းခ့ရသူ ဖြစ်သည် ။ မန်ယူ အသင်းရဲ့ နည်းပြသစ် အဖြစ် အဲဗာတန် အသင်းနည်းပြ ဒေဗစ်မိုရက်စ်က ရေပန်းအစားဆုံး ဖြစ်ပြီး ၊ သူသည် အသင်းနှင့် သက်တမ်းတိုးရန် အတွက် ရာသီကုန်အထိ ရွှေ့ဆိုင်းထားသူ ဖြစ်သည်
 
No comments :

Post a Comment

Blogger Widgets
Back to Top