Blogger Widgets

Wednesday 8 May 2013

အမဲသားလုံလောက်စွာရဖို့ အင်ဒိုအဖွဲ့က သြစီကိုလာမယ်

အင်ဒိုနီးရှားနိုင်ငံ ​အစိုးရကိုယ်စားလှယ်အဖွဲ့တဖွဲ့က ​နိုင်ငံတွင်း ​အမဲသား ​လုံလုံလောက်လောက် ​ရရှိဖို့အတွက် ​နွားမွေးမြူရေး ​လုပ်ငန်းတွေမှာ ​ဒေါ်လာသန်းပေါင်းများစွာ ​ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ကိစ္စနဲ့ ​ရှေ့လာမယ့်လမှာ ​သြစတြေးလျနိုင်ငံကို ​လာရောက်မှာဖြစ်ပါတယ်။
အေဘီစီသတင်းဌာန ​ရုပ်မြင်သံကြားအစီအစဉ်က ​အင်ဒိုနီးရှားနိုင်ငံမှာ ​နွားတွေကို ​ရက်ရက်စက်စက်သတ်ဖြတ်တဲ့အကြောင်း ​ရုပ်သံပြသပြီးတဲ့နောက်ပိုင်း ​သြစတြေးလျအစိုးရက ​၂၀၁၁ခုနှစ် ​ဇွန်လကနေစပြီး ​အင်ဒိုနီးရှားနိုင်ငံကို ​နွားရှင်ကောင်တင်ပို့ရောင်းချမှုရပ်တန့်ခဲ့ပါတယ်။
အခုလိုနွားတင်ပို့ရောင်းချမှုရပ်တန့်ခဲ့တဲ့ ​ဆုံးဖြတ်ချက်အပေါ် ​အင်ဒိုနီးရှားဖက်က ​အကြီးအကျယ် ​စိတ်ပျက်ခဲ့တဲ့အကြောင်းနဲ့ ​နောက်ထပ်အခုလိုဖြစ်ရပ်မျိုးတွေမဖြစ်ရအောင် ​အင်ဒိုနီးရှားဖက်က ​လုပ်လိုကြောင်း ​သြစတြေးလျနိုင်ငံအနောက်ဖက်ခြမ်းမှာအခြေစိုက်တဲ့ ​အင်ဒိုနီးရှားသိပ္ပံအဖွဲ့ ​ဥက္ကဌ ​Ross ​Taylar ​ကပြောပါတယ်

No comments :

Post a Comment

Blogger Widgets
Back to Top