Blogger Widgets

Friday, 31 May 2013

ကုန်သည်စက်မှုအသင်းချုပ်၏ သင်းဖွဲ့စည်းမျဉ်းသစ် အတည်ပြု

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ ပထမဆုံးအကြိမ်
ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြန်လည်ပြင်ဆင်ရေးဆွဲထားသည့်
ကုန်သည်စက်မှု အသင်းချုပ်၏သင်းဖွဲ့မှတ်တမ်းနှင့်သင်း ဖွဲ့စည်းမျဉ်းတို့ကို မေလ ၂၆ရက်နေ့က
မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသော အသင်းသား စုံညီအစည်းအဝေး
တွင် အတည်ပြုရာ မကျေနပ်ချက် တချို့ ရှိခဲ့သည်။
အသင်းချုပ်၏ အသင်းသားတစ်ဦးဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ဒေါ်ချစ်ချစ်မြင့်က ဖွဲ့စည်းပုံတွင်ပါရှိ
သော အချက်များ နှင့် အဖွဲ့ဝင်များ၏ရွေးချယ်မှုမှာ အသင်းသားအားလုံးကိုတန်း တူအခွင့်အရေး
ပေးမထားကြောင်း ပြောသည်။
"ကုန်သည်စက်မှုအသင်းချုပ်အနေနဲ့ အငြိမ်းစားယူထားတဲ့ပညာရှင်တွေကိုလည်း နေရာပေးသင့်
တယ်။ လုပ်ငန်းရှင်အငယ်လေးတွေကိုလည်း အခွင့်အရေးပေးမှ အသေးစား အလတ်စားလုပ်ငန်း
တွေတက်လာမယ်။ အခုဒီမှာရာထူးရှိနေတဲ့ ပုဂ္ဂိုလ်တွေက အရင်အစိုးရလက်ထက်က သူတို့ရဲ့
အကျိုး စီးပွားလုပ်ပေးတဲ့သူတွေပဲများနေတဲ့အတွက် ဒီလူတွေကို ဖယ်သင့်ပြီထင်ပါတယ်"ဟု
၎င်းက ပြောသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဒေါက်တာစိုးထွန်းက အသင်းချုပ်ဗဟိုအလုပ်အမှုဆောင် (သို့)
အလုပ်အမှုဆောင်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် သက်တမ်းတစ်ကြိမ် တာဝန်ထမ်းဆောင်ပြီးမှသာ ဗဟို
အလုပ်မှုဆောင်အဖြစ် ရွေးချယ်ခံခွင့်ရှိသည် ဆိုသည့်အချက်မှာ မသင့်တော်ကြောင်းပြောသည်။
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ညီနောင်အသင်းများမှ
ကိုယ်စားလှယ်များကို ခန့်အပ်ရာတွင် အလုပ်အမှုဆောင်ရာထူးသာ သတ်မှတ်ထားသည့်အတွက်
လုပ်ဆောင်ရာတွင် အခက်အခဲရှိကြောင်း၊ မြန်မာ နိုင်ငံတွင် အသင်းချုပ်အဖြစ်သတ်မှတ်ခြင်းခံရ
သည့် အသင်းမှာ ငါးသင်းထက်မပိုသည့်အတွက် အသင်းချုပ်များမှ ဥက္ကဋ္ဌ (သို့) အတွင်းရေးမှူးများ
ကို ကုန်သည်စက်မှုအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖြစ် တိုက်ရိုက်ခန့်အပ်သင့်ကြောင်း
ဆွေးနွေး ပြောကြားခဲ့သည်။
"အခုဆွေးနွေးချက်တွေအားလုံးမှာ Emotional နဲ့ Rational လွန်ဆွဲနေကြတယ်။ အသင်းကြီးရဲ့
 Vision နဲ့ Mission ကိုသေချာ စဉ်းစားသင့်ပါတယ်။ တစ်ဖက်က ပြောင်းလဲမှုလိုသလို တစ်ဖက်က
လည်း continuity လိုပါတယ်။ မဟုတ်ရင် လုံးဝ အသင်းကြီးယိုင်နိုင်ပါတယ်"ဟု သဘာပတိအဖွဲ့
ဝင်တစ်ဦး ဖြစ်သူ စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်က ပြောသည်။
"လက်ရှိဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ၂၅ရာခိုင် နှုန်း ထားပြီး ကျန်တဲ့သူတွေကိုရွေးမယ်လို့စဉ်းစား
ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့လိုထားခဲ့မယ်ဆိုရင် အထင်အမြင် လွဲမှားမှုတွေဖြစ်မှာဆိုးတဲ့အတွက် အားလုံး
နီးနီးက နှုတ်ထွက်ပေးပြီး အလုပ်အမှုဆောင်ကနေ ပြန်လည်အရွေးခံဖို့ကိုဆုံးဖြတ်ခဲ့ကြပါတယ်" ဟု
လက်ရှိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း
ရှင်များအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးဆန်းလင်းက ပြောသည်။

No comments :

Post a Comment

Blogger Widgets
Back to Top