Blogger Widgets

Thursday, 2 May 2013

"ရခိုင် အစီရင်ခံစာဟာ ပြည့်စုံမှု မရှိကြောင်း AI အဖွဲ့ကြီးက ဝေဖန်"

အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် ( USCIRF) ရဲ့ ၂၀၁၃ ခုနှစ် အစီရင်ခံစာမှာ မြန်မာ၊ အီဂျစ်၊ အီရန်၊ ဆော်ဒီအာရေဗျ နဲ့ တခြားနိုင်ငံတွေမှာ ဘာသာရေး လွတ်လပ်မှု ဆိုင်ရာ ပြဿနာတွေရှိနေကြောင်း ဖော်ပြထားပါတယ်။

၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မှာ ဇွန်လ ကစတင်ပြီး ဘာသာရေး လူမျိုးရေး အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရာမှာ အနည်းဆုံး လူ(၂၀၀) ကျော် သေဆုံးခဲ့ရကြောင်း၊ နိုင်ငံရေး စီး ပွားရေး ပြုပြင် ပြောင်း လဲမှုတွေ ပေါ်ပေါက်ခဲ့ပေမယ့် ဘာသာရေးလွတ်လပ်မှုဆိုင်ရာ ချိုးဖေါက်မှုတွေ တိုး ပွား လာတဲ့အတွက် စိုးရိမ်ဖွယ်အခြေအနေမှာရှိနေကြောင်း ဖော်ပြထားပါတယ်။
အလားတူ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ( AI ) ကလည်း ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေးကော် မတီ ရဲ့ အစီရင်ခံစာဟာပြည့်စုံလုံလောက်မှုမရှိဘဲ၊ ရိုဟင်ဂျာ မူဆလင်တွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ပတ် သက်ပြီး ထိထိရောက်ရောက် ကိုင်တွယ် ဖော်ပြမထားတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက် ပေါ်ပေါက် လာဖွယ်ရှိတယ်လို့ ရေးသားထားပါတယ်။

အစီရင်ခံစာပါတချို့အချက်တွေဟာ အပြုသဘောဆောင်ပေမယ့် ချို့ယွင်းချက်တွေ အတော်များများတွေ့ ရကြောင်း၊ လူ့အခွင့်အရေးချိုးဖော်က်ခဲ့သူတွေနဲ့ပတ်သက်ပြီး အရေးယူမစုံစမ်းဘဲနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ တိုးချဖို့ တိုက်တွန်းထားတာဟာ ချိုးဖောက်မှုတွေပိုပြီး ဖြစ်လာစေနိုင်ကြောင်း နိုင် ငံတကာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ အာရှတိုက်ဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး အစ္စဘယ်လာ အာရာဒန် က ပြောပါ တယ်

No comments :

Post a Comment

Blogger Widgets
Back to Top