ထို့ကြောင့် ပြိုင်ပွဲတွင် ခြေစွမ်းပြသခဲ့သော မြန်မာကစားသမားနှစ်ဦးအား နယူးဇီလန်နည်းပြချုပ်က ချီးကျူးစကား ပြောကြားခဲ့သည်။ မစ္စတာ ပက်ထရစ်ကပြောကြားရာ “ ဒီပွဲမှာ မြန်မာကစားသမားတွေ တော်တော်များများ ကြိုးစားပြီး ကစားတာကောင်းကြပါတယ်။ ဒီထဲကမှ တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကျော်ကိုကို နဲ့ အောင်သူတို့ရဲ့ကစား ပုံကို ပိုပြီး ကြိုက်ပါတယ်”ဟု ပြောကြားခဲ့သည်။
အဆိုပါပွဲစဉ်သည် နိုင်ငံတစ်ကာခြေစမ်းပွဲဖြစ်သည့်အပြင် မြန်မာနိုင်ငံရေးဘေးသင့်ပြည်သူများအတွက် ပြည်လည်ထူထောင်ရေး အစီအစဉ် အဖြစ်ယှဉ်ပြိုင်ကစားခဲ့ပြီး ကွင်းဝင်ကြေးအပါအဝင် အလှူရှင်များ၏ လှူဒါန်းငွေစုစုပေါင်း မြန်မာငွေ ကျပ် တစ်ထောင့်ခြောက်ရာသုံးဆယ့်ရှစ်သိန်းနှစ်သောင်းတစ်ထောင် ( ကျပ် ၁၆၃၈၂၁၀၀၀)နှင့် အမေရိကန် ဒေါ်လာ ၅၀၀၀ ရရှိခဲ့သည်။
နိုင်ငံတစ်ကာခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သော မြန်မာလက်ရွေးစင်အသင်းနှင့် နယူးဇီလန်လက်ရွေးစင်အသင်း တို့ခြေစမ်းပွဲသည် ၁-၁ဂိုး သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ ယင်းပွဲစဉ်တွင် မြန်မာအသင်းမှာ တိုက်စစ်မှူးများဖြစ်သည့် ကျော်ကိုကို နှင့် အောင်သူတို့အား အကြိုက်ဆုံးကစား သမားများ ဖြစ်ကြောင်း နယူးဇီလန်နည်းပြချုပ် ပက်ထရစ်က ချီးကျူးပြောကြားသွားခဲ့သည်။ ခြေစမ်းပွဲအား ရန်ကုန်မြို့သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက လူငယ်ကစားသမားများဖြင့် ပွဲထွက်ခဲ့သည်။ ပထမပိုင်းတွင် နယူးဇီလန်အသင်းက ပင်နယ်တီသွင်းဂိုးဖြင့် ပြိုင်ကိုဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းတွင် မြန်မာအသင်းအတွက် ချေပဂိုးကို သီဟဇော်က သွင်းယူပေးနိုင်ခဲ့၍ ခြေစမ်းပွဲမှာ ၁-၁ဂိုးသရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ပြိုင်ပွဲတွင် ခြေစွမ်းပြသခဲ့သော မြန်မာကစားသမားနှစ်ဦးအား နယူးဇီလန်နည်းပြချုပ်က ချီးကျူးစကား ပြောကြားခဲ့သည်။ မစ္စတာ ပက်ထရစ်ကပြောကြားရာ “ ဒီပွဲမှာ မြန်မာကစားသမားတွေ တော်တော်များများ ကြိုးစားပြီး ကစားတာကောင်းကြပါတယ်။ ဒီထဲကမှ တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကျော်ကိုကို နဲ့ အောင်သူတို့ရဲ့ကစား ပုံကို ပိုပြီး ကြိုက်ပါတယ်”ဟု ပြောကြားခဲ့သည်။
အဆိုပါပွဲစဉ်သည် နိုင်ငံတစ်ကာခြေစမ်းပွဲဖြစ်သည့်အပြင် မြန်မာနိုင်ငံရေးဘေးသင့်ပြည်သူများအတွက် ပြည်လည်ထူထောင်ရေး အစီအစဉ် အဖြစ်ယှဉ်ပြိုင်ကစားခဲ့ပြီး ကွင်းဝင်ကြေးအပါအဝင် အလှူရှင်များ၏ လှူဒါန်းငွေစုစုပေါင်း မြန်မာငွေ ကျပ် တစ်ထောင့်ခြောက်ရာသုံးဆယ့်ရှစ်သိန်းနှစ်သောင်းတစ်ထောင် ( ကျပ် ၁၆၃၈၂၁၀၀၀)နှင့် အမေရိကန် ဒေါ်လာ ၅၀၀၀ ရရှိခဲ့သည်။
No comments :
Post a Comment