Blogger Widgets

Sunday, 30 March 2014

ထိုင်းမြန်မာနှစ်နိုင်ငံ အနုပညာပွဲတော် ပြည်သူ့ရင်ပြင်မှာ ၃ရက်ကြာ စတင်ကျင်းပနေပြီ

မန်မာထိုင်းနှစ်နိုင်ငံကြား ယဉ်ကျေးမှုနဲ့ အနုပညာဖလှယ်ရေးအတွက် သုံးရက်ကြာကျင်းပမယ့် မြန်မာ-ထိုင်း ချစ်ကြည်ရေး အနုပညာပွဲတော်ကို ပြည်သူ့ရင်ပြင်မှာ မတ်လ ၂၈ရက်နေ့က စတင်ကျင်းပခဲ့ပါတယ်။
အနုပညာပွဲတော် ပထမနေ့မှာ မြန်မာနိုင်ငံက Miss Myanmar Universe 2013 အလှမယ် မိုးစက်ဝိုင်နဲ့ ထိုင်းနိုင်ငံက နာမည်ကျော် PK တို့တွဲဖက်ပြီး အစီအစဉ်တင်ဆက်သူတွေအဖြစ် တာဝန်ယူခဲ့သလို ထိုင်းအဆိုတော် Moss က မြူးကြွတဲ့ ထိုင်းသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။
ထိုင်းရုပ်ရှင် Pee Mak ရဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးသူနဲ့ ဟာသသရုပ်ဆောင်နှစ်ယောက်ကလည်း ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး ပွဲတော်နောက်ဆုံးနေ့ဖြစ်တဲ့ မတ်လ ၃ဝမှာတော့ ထူးထူးခြားခြား ဖျော်ဖြေရှိဖို့ရှိတယ်လို့ ဆိုပါတယ်။
ပွဲတော်နောက်ဆုံးရက်မှာ မြန်မာအဆိုတော်တွေက လူရွှင်တော်အဖြစ်နဲ့ သရုပ်ဆောင်မှာဖြစ်သလို ဂိမ်းတွေလည်း ကစားကြမယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်တဲ့ ဒီပွဲတော်ကို လာကြည့်သူ Rap အဆိုတော် သက်လင်းထွဋ်က ထိုင်းဂီတရဲ့ ဖျော်ဖြေမှုကို စိတ်ဝင်စားတယ်လို့ ဆိုပြီး ကျေနပ်ပါတယ်တဲ့။
ထိုင်းနိုင်ငံရဲ့ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကိုလည်း ဆိုင်ခန်း ၁၄၂ခန်းနဲ့ ပွဲတော်အတွင်း ရောင်းချနေပြီး ထိုင်းနိုင်ငံရဲ့ ဖျော်ဖြေမှုကို အခွင့်အခိုက်ကြုံတုန်းလေး အားပေးသင့်တယ်လို့ ပြောလာသူတစ်ယောက်ကတော့ မောင်သန်းထွန်းပါ။

No comments :

Post a Comment

Blogger Widgets
Back to Top