Blogger Widgets

Sunday, 30 March 2014

သံဃာအယောင်ဆောင်သူ အရေးယူ

နေပြည်တော်၊ မတ် ၂၉
၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန် မီးရထားဘူတာ ကြီးများတွင် သံဃာအယောင်ဆောင်(၁)ဦး ကျင်လည်ကျက်စားသွားလာနေကြောင်း သတင်းအရ နေပြည်တော်၊ ပျဉ်းမနားဘူတာအတွင်း ရထားရဲတပ်ဖွဲ့၊ အမှတ်(၉)တပ်ခွဲ(နေပြည်တော်)၊ တပ်စု(၂) တပ်စုမှူးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် လှည့်ကင်းဆောင်ရွက်နေစဉ် ရထားစီးရန်စောင့်နေသည့် မသင်္ကာဖွယ် သံဃာ(၁)ပါးအား တွေ့ရှိသဖြင့်မေးမြန်းခဲ့သည်။ ထိုသို့မေးမြန်းရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရွာထောင်ဘူတာရပ်ကွက်နေ ဘုကြီး(ခ)ရဟန်းတု(ခ) ကျော်စိုးအောင်(၄၃)နှစ် ဖြစ်ကြောင်းနှင့် သံဃာအယောင်ဆောင်၍ မီးရထားဘူတာကြီးများတွင် လှုပ်ရှားသွားလာနေသူ ဖြစ်ကြောင်း သိရှိရသဖြင့် ရန်အောင်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ဆောင်ပြီး ပျဉ်းမနားမြို့နယ်၊ သံဃနာယကအဖွဲ့ဝင် ကိုးဆူကျောင်း ဆရာတော် ဘဒ္ဒန္တဥူးစံန္ဒောဘာသ၊ အဘယရာမကျောင်း ဆရာတော် ဘဒ္ဒန္တဥူးကဉ္ဇနတို့ ရှေ့မှောက်တွင် သိက္ခာချလူဝတ်လဲစေပြီး ဘုကြီး(ခ)ရဟန်းတု(ခ) ကျော်စိုးအောင်အား ပျဉ်းမနားမြို့မရဲစခန်း၊ ရဲအရေးမပိုင်မှု ၇/၂၀၁၄၊ ပြစ်မှုပုဒ် ၂၉၅-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

No comments :

Post a Comment

Blogger Widgets
Back to Top