Blogger Widgets

Sunday, 30 March 2014

ဦးရဲထွဋ်က ရိုဟင်ဂျာဆိုတဲ့အမည်ကို လက်မခံဘူး လို့ပြောတာဟာ၊ ဥပဒေနဲ့ ငြိစွန်းနေပါတယ်

ကမာရွတ်မီဒီယာရဲ့ ဖော်ပြချက်အရ သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာလို့ ဖြည့်ရင် လက်မခံဘူးလို့ ပြောသွားတယ်လို့ သိရတယ် ..
မနေ့က UNFPA က ကြေညာချက်ထုတ်ပြီးပါပြီ -
သန်းခေါင်စာရင်း ကိစ္စမှာ UNFPA က တာဝန်ရှိတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး .. ဦးရဲထွဋ်က ဘာဆိုဘာမှ မဟုတ်ဘူးဆိုတာ နားလည်ဖို့ လိုပါလိမ့်မယ် .. သမ္မတရဲ့ ပြောရေးဆိုခွင့်က နေရာတကာမှာ ၀င်စွက်ဖက်ခွင့်လည်း မရှိဘူး ..
မြန်မာအစိုးရက ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အလှူရှင် နိုင်ငံတွေ အားလုံးကို ကတိပေးထားတဲ့ထဲမှာ လူမျိုးနာမည်ကို လွတ်လပ်စွာရေးခွင့် ပေးမယ်ဆိုတာလည်း ပါပါတယ်။
အဲဒီတော့ ဦးရဲထွဋ်ရဲ့ စကားက သန်းခေါင်စာရင်း ကောက်ခံရေး ကိစ္စမှာ လုံးဝ အကျုံးမ၀င်ဘူးဆိုတာ သတိချပ်စေချင်ပါတယ် ..
သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး တရားဝင်ကြေညာချက်ကို လ.၀.က ၀န်ကြီးဌာနနဲ့ UNFPA ကလွဲပြီး ကျန်တဲ့ ဘယ်ဝန်ကြီးဌာနမှ ထုတ်ခွင့်လည်း မရှိဘူး ..
ဦးရဲထွဋ် ဒီနေ့ ပြောသွားတဲ့ စကားက သန်းခေါင်စာရင်း ဥပဒေကို ချိုးဖောက်ပြီး ပြောတဲ့ စကားသာ ဖြစ်ပါတယ် ..
ရိုဟင်ဂျာ ပြောလို့ သန်းခေါင်စာရင်း မကောက်ဘူးဆိုရင် ကိုယ့်အိမ်မှာ ကိုယ်အနားယူနေလိုက်ပါ .. ဘာဆို ဘာမှ စိတ်ပူစရာမရှိဘူး ..
ရိုဟင်ဂျာလို့ ပြောတာကို လက်ခံမှသာ သန်းခေါင်စာရင်း ဖြေဆိုကြပါ ..

No comments :

Post a Comment

Blogger Widgets
Back to Top