Blogger Widgets

Friday, 28 March 2014

ဘင်္ဂလားဒေ့ရှ်၏လူသိန်းချီ နိုင်ငံတော် သီ ချင်း သီ ဆို မှု ဂင်း နစ် မှတ် တမ်း ၀င်

- ယမန်နေ့က ပြုလုပ်ခဲ့သည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် နိုင်ငံတော် သီချင်းအား ဘင်္ဂလားဒေ့ရှ်ပြည်သူသိန်းချီက သံပြိုင်သီဆိုခဲ့ကြပြီးနောက် ထိုသီဆိုမှုမှာ ဂင်းနစ်မှတ်တမ်း ၀င်သွားခဲ့ပြီဟု သိရသည်။
ဘင်္ဂလားဒေ့ရှ် စစ်တပ်၊ ကျောင်းသားများနှင့် ပြည်သူလူထု စုစုပေါင်း ၂၅၄၆၈၁ ဦးက ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုခဲ့ကြခြင်းဖြစ်ပြီး၊ ၀န်ကြီးချုပ် ရှိခ် ဟာစီနာနှင့် ကတ်ဘိနတ်ဝန်ကြီးများလည်း ပါဝင်ခဲ့သည်။ ယခုကဲ့သို့ပြုလုပ်ရသည့် အဓိကရည်ရွယ်ချက်မှာ လွတ်လပ်ရေးနေ့အား ဂုဏ်ပြုခြင်းသာမက ပြည်သူများ၏ စွမ်းအားနှင့် စုစည်းညီညွတ်မှုကို ပြသခြင်းလည်းဖြစ်သည်ဟု ပွဲစဉ်သူများက ဆိုသည်။
၂၀၁၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံက ၎င်းတို့၏ နိုင်ငံတော်သီချင်းကို လူပေါင်း ၁ သိန်းကျော်ဖြင့် သံပြိုင်သီဆိုကာ စံချိန်တင်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယခုကဲ့သို့ စံချိန်သစ်ထပ် တင်နိုင် ခဲ့ခြင်းဖြစ်သည်။
ဘင်္ဂဘားဒေ့ရှ်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စစ်တပ်၊ အစိုးရနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ ပူးပေါင်းကာ ပြုလုပ်ခဲ့သည့် အဆိုပါ အခမ်းအနားအား ဂင်းနစ်မှတ်တမ်းတွင် စာရင်းဝင်ရန် သက်ဆိုင်သော စာရွက်စာတမ်းများ ဓာတ်ပုံများအား ဂင်းနစ်မှတ်တမ်းအဖွဲ့သို့ ပေးပို့ခဲ့ပြီး၊ ထိုအခမ်းအနားသို့ ဂင်းနစ်မှတ်တမ်းအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးလည်း တက်ရောက်ခဲ့သည်။
ပြီးခဲ့ သည့်နှစ် ဒီဇင်ဘာလကလည်း ဘင်္ဂလားဒေ့ရှ်ရှိ ပြည်သူများက ကမ္ဘာ့ အကြီးဆုံး နိုင်ငံတော်အလံကို ဖန်တီးခဲ့ပြီး ထိုဆောင်ရွက်ချက်မှာလည်း ဂင်းနစ်မှတ်တမ်းဝင်ခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top