နေပြည်တော်တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေး ဖိုရမ်ဆွေးနွေးပွဲကို ဇွန် ၇ ရက်က တွေ့ရစဉ် (Photo - AFP)
ပထ၀ီ အနေအထားအရ စီးပွားရေး အခွင့်အလမ်းတွေ ရှိနေတဲ့ မြန်မာနိုင်ငံမှာ
နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာဖို့ တာစူနေကြပေမယ့် စီးပွားရေး
ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စိန်ခေါ်မှုတွေကတော့ ရှိနေဆဲပါပဲ။
မကြာမီက မြန်မာနိုင်ငံမှာ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို လက်ခံကျင်းပ
နိုင်ခဲ့တာကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့
မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုတွေ မလွဲမသွေ တိုးတက်လာမှာ ဖြစ်ပါတယ်။ ကမ္ဘာ့
စီးပွားရေး ဖိုရမ်ကို နိုင်ငံတကာက နာမည်ကျော် စီးပွားရေး လုပ်ငန်းကြီးတွေက
ဥက္ကဋ္ဌတွေ၊ CEO တွေ၊ အကြီးတန်း အရာရှိတွေ အများအပြား တက်ရောက်ခဲ့ကြ ပါတယ်။
ဖိုရမ်ကျင်းပ နေစဉ်အတွင်း မြန်မာနိုင်ငံ အပါအ၀င် အရှေ့အာရှ ဒေသတွင်း
စီးပွားရေး လုပ်ငေန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆွေးနွေးပွဲတွေ
ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဆွေးနွေးပွဲတွေမှာ နိုင်ငံတကာက နာမည်ကျော် စီးပွားရေးလုပ်ငန်း
ဦးဆောင်သူတွေ အများစုက လက်ရှိမြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံဖို့
အလားအလာကောင်းတွေ များစွာရှိတာကြောင့် စောင့်ကြည့်နေကြဆဲ ဖြစ်တယ်လို့
ဆွေးနွေးပွဲတွေမှာ ပြောကြားခဲ့ကြ ပါတယ်။ ဒီနေရာမှာ တချို့က ပြည်တွင်းမှာ
ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရင်းနှီးမြှုပ်နှံဖို့ လက်တွန့်နေကြတာ
ဖြစ်သလို တချို့ကလည်း ပြည်တွင်းက အလုပ်သမား ဆန္ဒပြမှုကဲ့သို့ ဖြစ်စဉ်တွေကို
ချိန်ဆနေကြတယ်လို့ အဆိုပါ ဖိုရမ်မှ တက်ရောက်သတင်းယူခဲ့တဲ့ ပြည်ပမှ
သတင်းလာရောက်ယူသူ အချို့က ဆိုပါတယ်။
လက်ရှိမှာ နိုင်ငံတကာရင်း နှီးမြှုပ်နှံမှုအချို့ ၀င်လာနေပြီ
ဆိုပေမယ့်လည်း အလုံးအရင်းနဲ့ ၀င်လာဖို့ အတွက်ကတော့ ပြည်တွင်းမှာ တရားဥပဒေ
စိုးမိုးရေး လုပ်ငန်းတွေ ပိုမိုဆောင်ရွက်နိုင်ဖို့ လိုတယ်ဆိုတဲ့
အမြင်တွေလည်း ရှိနေပါသေးတယ်။
လက်ရှိနိုင်ငံအတွက် အရေးပါတဲ့ အလှည့်အပြောင်း အခြေအနေမှာ အရေးပါတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ရေခံမြေခံကောင်း တွေဖန်တီးပေးဖို့ ဘယ်ဥပဒေတွေ ကတော့ဖြင့် အလျင်အမြန် ပြဋ္ဌာန်းဖို့ လိုအပ်သလဲ၊ ဘယ်ဥပဒေတွေ ကတော့ဖြင့် ဘယ်အချိန်ကျမှ ပြဋ္ဌာန်းဖို့ လိုအပ်သလဲ၊ ဘယ်ဥပဒေတွေကတော့ ဖျက်သိမ်းဖို့ လိုအပ်သလဲ ဆိုတာကို စီမံခန့်ခွဲနိုင်ဖို့က အရေးကြီးတဲ့ အချက်ပဲ ဖြစ်ပါတယ် . . . . . |
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပြည်တွင်းက စီးပွားရေး
လုပ်ငန်းတွေမှာ အစိုးရရဲ့ လုပ်ဆောင်ပေးမှု စွမ်းရည်ကိုလည်း
ချိန်ဆစောင့်ကြည့် နေမှုတွေလည်း ရှိနေပါသေးတယ်။ ဒါနဲ့ ပတ်သက်ပြီး
ကမ္ဘာ့စီးပွားရေး ဖိုရမ်ရဲ့ ဆွေးနွေးပွဲတစ်ခုမှာ ကမ္ဘာကျော် Microsoft
Corporation က အကြီးတန်း အရာရှိ တစ်ဦးဖြစ်သူ Mr Dan’llwein ပြောကြားတဲ့
မှတ်ချက်စကားက သတိပြုစရာပဲ ဖြစ်ပါတယ်။ သူက စီးပွားရေး လုပ်ငန်းတွေမှာ
အစိုးရ ပါဝင်ပတ်သက်မှုကို လျှော့သင့်တယ်လို့ဆိုပြီး အစိုးရ ပါဝင်မှု
မရှိပေမယ့် Microsoft ဘယ်လောက်အောင်မြင် နေတယ်ဆိုတာ တွေ့မှာပါလို့
ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီ ဆွေးနွေးပွဲဟာ မြန်မာနိုင်ငံရဲ့ အိုင်တီစီးပွားရေးလုပ်ငန်း
ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးကြတာဖြစ်ပြီး ပုဂ္ဂလိက စီးပွားရေး
လုပ်ငန်းတွေအတွက် လွတ်လပ်စွာ လှုပ်ရှားဖို့ အစိုးရရဲ့ ပါဝင်ပတ်သက်မှုကို
လျှော့ချဖို့ သူကသတိပေးစကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။ Microsoft
Corporation,Strategic and Emerging Business က Corporate Vice–president
ဖြစ်သူ Mr.Dan’llwein က စီးပွားရေး လုပ်ငန်းတွေ လွတ်လပ်စွာ
လုပ်ကိုင်နိုင်ဖို့ အစိုးရ အနေနဲ့ အခြေခံ စီးပွားရေး ပေါ်လစီတွေကို
ခိုင်ခိုင်မာမာဖြစ်အောင် လုပ်ထားဖို့သာ လိုအပ်ပြီး အစိုးရအနေနဲ့ စီးပွားရေး
လုပ်ငန်းထဲမှာ ပါဝင်လုပ်ကိုင်မှုကို လျှော့ချသင့်တယ်လို့ ဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးကို
ကျင့်သုံးနေတယ်လို့ အစိုးရက ဆိုထားပြီး ဖြစ်ပါတယ်။ ဒီမိုကရေစီ ကျင့်သုံးတဲ့
နိုင်ငံတွေက အစိုးရ အများစုကတော့ စီးပွားရေး လုပ်ငန်းတွေမှာ
ကိုယ်တိုင်ပါဝင်ဖို့ထက် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေ လွတ်လပ်စွာ
လုပ်ကိုင်နိုင်ဖို့ အခြေအနေတွေကိုသာ ဖန်တီးပေးလေ့ ရှိပါတယ်။ ဒီလို
ဖန်တီးပေးတဲ့ နေရာမှာ သက်ဆိုင်ရာ ဌာနအလိုက် စီးပွားရေး
တိုးတက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုမယ့် မူဝါဒတွေကို ချမှတ်ပေးလေ့
ရှိပါတယ်။ ဒီမိုကရေစီ အစိုးရတွေဟာ တိုင်းပြည်စီးပွားရေး
ဖွံ့ဖြိုးတိုးတက်စေဖို့ ချမှတ်ထားတဲ့ မူဝါဒတွေကနေ ပုဂ္ဂလိက လုပ်ငန်းတွေ
သွေဖည်မသွားစေဖို့ကိုသာ ထိန်းကျောင်းဆောင်ရွက်ပေးလေ့ ရှိပါတယ်။ ဒါ့အပြင်
အစိုးရတွေဟာ စီးပွားရေး လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်လေ့ မရှိဘဲ စီးပွားရေး
လုပ်ငန်းတွေက ရရှိမယ့် အခွန်အခတွေကို ဘယ်လိုထိရောက်စွာ ကောက်ခံမလဲ
ဆိုတာကိုသာ ဦးစားပေး လုပ်ဆောင်လေ့ ရှိပါတယ်။
ဒီလို မူဝါဒတွေကို အကောင်အထည် ဖော်ရာမှာတော့ မူဝါဒတွေနဲ့ ကိုက်ညီတဲ့
ဥပဒေတွေ ပြဋ္ဌာန်းနိုင်ရေးဟာ အရေးကြီးတဲ့ ဆောင်ရွက်ချက်ပဲ ဖြစ်ပါတယ်။ ဥပဒေတွေ
ခိုင်ခိုင်မာမာ ရှိမှသာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလို
နိုင်ငံစီးပွားရေးကို အထောက်အကူ ပြုစေမယ့် ကိစ္စရပ်တွေကို တိုးပွားအောင်
ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဥပဒေကြမ်း အများစုကို အစိုးရ ၀န်ကြီးဌာနတွေက ရေးဆွဲကာ
လွှတ်တော်အရပ်ရပ်ကို တင်ပြနေကြတာ ဖြစ်ပါတယ်။ ဒီလိုတင်ပြတဲ့ နေရာမှာ အချို့
ဥပဒေကြမ်းတွေဟာ အစိုးရ ၀န်ကြီးဌာနတွေက ဌာနရဲ့ လိုအပ်ချက်တွေကို အဓိကထားပြီး
ထည့်သွင်းရေးဆွဲထားပြီး အစိုးရဲ့ ပါဝင်ပတ်သက်မှုကို လျှော့ချနိုင်ဖို့
ဆိုတာထက် ယခင်အတိုင်း ပါဝင်ပတ်သက်နိုင်ဖို့ကို အားပေးတဲ့ ဥပဒေမျိုးတွေ
ဖြစ်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ စီးပွားရေး လုပ်ငန်းတွေ
လုပ်ဆောင်ဖို့မှာ ဥပဒေတွေ အရေးကြီးသလို ရင်းနှီးမြှုပ်နှံသူတွေရဲ့
ယုံကြည်မှု ရဖို့ကလည်း အရေးပါတဲ့ အချက်ပဲ ဖြစ်ပါတယ်။
နိုင်ငံတကာက စီးပွားရေး ပညာရှင်တွေရဲ့ စီးပွားရေး ဖွံ့ဖြိုးဖို့
အကြံပြုချက်တွေမှာ ဈေးကွက်စီးပွားရေးမှာ ပုဂ္ဂလိကပိုင်းကို
အားကောင်းမောင်းသန် ဖြစ်ဖို့အတွက် အစိုးရက ပံ့ပိုးကူညီ ဖန်တီးပေးရမယ်ဆိုတာ
အမြဲပါရှိသလို နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေကလည်း ဈေးကွက်စီးပွားရေး
ပီပြင်မှု ရှိမရှိကို ပုဂ္ဂလိကပိုင်းက လွတ်လပ်စွာ လှုပ်ရှားနိုင်ခွင့်ကို
အစိုးရတွေက ဘယ်လောက်ဖန်တီး ပေးနိုင်သလဲ ဆိုတာနဲ့ နှိုင်းယှဉ်ချိန်ဆလေ့
ရှိပါတယ်။
ဒီလို နှိုင်းယှဉ်ချိန်ဆပြီး ဈေးကွက်စီးပွားရေးအရ လွတ်လပ်စွာ လှုပ်ရှားမှ
ရင်းနှီးမြှုပ်နှံဖို့အတွက် ယုံကြည်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ ဆွေးနွေးချက်တွေအရ နိုင်ငံတကာ
ရင်းနှီးမြှုပ်နှံသူတွေက လာရောက်ရင်းနှီး မြှုပ်နှံဖို့အတွက် စိတ်ဝင်တစား
ရှိနေကြပြီး စီးပွားရေးဆိုင်ရာ အခင်းအကျင်းကို စောင့်ကြည့်နေကြတာ
ဖြစ်ပါတယ်။
နိုင်ငံတကာက နာမည်ကျော် စီးပွားရေး လုပ်ငန်းတွေက စောင့်ကြည့်နေတာကတော့
အစိုးရက ဘယ်လိုစီးပွားရေးဆိုင်ရာ မူဝါဒတွေ ထားရှိသလဲ။ ပုဂ္ဂလိက
လုပ်ငန်းတွေကို ဘယ်လိုသဘောထားလဲ။ ဘယ်လောက်လွတ်လပ်စွာ လုပ်ကိုင်ခွင့်
ပေးမှာလဲ၊ ဈေးကွက်စီးပွားရေးအတွက် အခြေခိုင်တဲ့ မူဝါဒ ရှိရဲ့လား။ အဲဒီ
မူဝါဒကို အကောင်အထည်ဖော်မယ့် ဥပဒေတွေ အစရှိတဲ့ စီးပွားရေးဆိုင်ရာ
ကတိက၀တ်တွေကို ဘယ်လောက်အထိ အကောင်အထည် ဖော်နိုင်မလဲ ဆိုတာပဲ ဖြစ်ပါတယ်။
အစိုးရက ပုဂ္ဂလိက အာဏာတွေမှာ ပါဝင်လွှမ်းမိုး ချုပ်ကိုင်မှုတွေ ရှိနေသေးလား
ဆိုတာကလည်း ရင်းနှီးမြှုပ်နှံသူတွေ သိချင်နေတဲ့ အချက်ပဲ ဖြစ်ပါတယ်။
လက်ရှိနိုင်ငံအတွက် အရေးပါတဲ့ အလှည့်အပြောင်း အခြေအနေမှာ အရေးပါတဲ့
စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ရေခံမြေခံကောင်း တွေဖန်တီးပေးဖို့
ဘယ်ဥပဒေတွေ ကတော့ဖြင့် အလျင်အမြန် ပြဋ္ဌာန်းဖို့ လိုအပ်သလဲ၊ ဘယ်ဥပဒေတွေ
ကတော့ဖြင့် ဘယ်အချိန်ကျမှ ပြဋ္ဌာန်းဖို့ လိုအပ်သလဲ၊ ဘယ်ဥပဒေတွေကတော့
ဖျက်သိမ်းဖို့ လိုအပ်သလဲ ဆိုတာကို စီမံခန့်ခွဲနိုင်ဖို့က အရေးကြီးတဲ့
အချက်ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်လို ပုဂ္ဂလိက စီးပွားရေး ကဏ္ဍမှာ အစိုးရရဲ့
လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုမှု အခြေအနေကို နိုင်ငံတကာက စောင့်ကြည့်နေကြတဲ့
အချိန်မှာ ပြည်တွင်းမှာ စီးပွားရေး လုပ်ငန်းတွေ
ဈေးကွက်စီးပွားရေးနှင့်အညီ ယှဉ်ပြိုင်လုပ်ကိုင်နိုင်ဖို့နဲ့ ပုဂ္ဂလိက
လုပ်ငန်းတွေရဲ့ ဖွံ့ဖြိုးမှုကို အားပေးတဲ့ မူဝါဒနဲ့ ဥပဒေတွေကိုသာ ဦးစားပေး
ဆောင်ရွက်ဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။
လက်ရှိပြည်တွင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေမှာ တရုတ်ကဲ့သို့
နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေကိုသာ မျှော်ခဲ့ရာကနေ မကြာမီမှာတော့
နိုင်ငံစုံက ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာနိုင်တာမို့ ရွေးချယ်စရာ
များလာမှာပဲ ဖြစ်ပါတယ်။

No comments :
Post a Comment