Blogger Widgets

Thursday, 13 June 2013

ဘုရင့်နောင် တံတားပေါ်မှ အမျိုးသမီး တစ်ဦး ရေထဲခုန်ချ

၁၁.၆.၂၀၁၃ရက်နေ့ ၁၇၁၀အချိန်အတွင် လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားဟောင်း ရေလယ်
တိုင်အမှတ် (၄)နှင့် (၅)ကြားမှ အမျိုးသမီးငယ် တစ်ဦး ရေထဲခုန်ချ ခဲ့ရာ တံတားသစ်စီမံကိန်း ဆောင်
ရွက်လျက်ရှိသည့် ဇက်ရေယာဉ် အမှတ်(၁၁၀) ပြည်တွင်းရေကြောင်းပိုင်ရေယာဉ်ပေါ်တွင် ရှိနေသူ ဦး
ချမ်းမြေ့သော် (စက်ကိုင်) မှ တွေ့မြင်သဖြင့်ဆယ်ယူကယ်တင်ခဲ့ပါသည်။

အဆိုပါအမျိုးသမီးငယ်အား မေးမြန်းရာဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ သူဌေးကုန်းရွာနေ
မ---၊(၂၀)နှစ်ဖြစ်ကြောင်း၊ ၄င်းမှာ လွန်ခဲ့သော(၃)ရက်ခန့်က လှိုင်သာယာမြို့နယ်သို့ ပြောင်းရွှေ့နေ
ထိုင်ကာ အလုပ်လုပ်ကိုင် နေသူဖြစ်ကြောင်း၊ အကြွေး(၁၀)သိန်းခန့် ပေးဆပ်ရန် ရှိသဖြင့် စိတ်ညစ်ပြီး ရေထဲသို့ခုန်ချခဲ့ ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

မ----အား လှိုင်သာယာဆေးရုံတွင် တင်ပို့ကုသမှု ခံယူစေလျက်ရှိပြီး ဥပဒေအရ အရေးယူဆောင်ရွက်
သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန် ထားပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top