၁၁-၆-၂၀၁၃ ရက်နေ့ ၁၁၄၀ အချိန် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၂)ရပ်ကွက်၊
အင်းယားမြိုင်လမ်း၊ အမှတ်/၃၂-B ရှိ ကယ်လီဖိုးနီးယား အလှပြင်ဆိုင်တွင်
နေအိမ်ခြံစည်းရိုး၌ ထားရှိသော လျှပ်စစ်မီတာပုံး ထဲသို့ မိုးရေယိုကျ၍
ဝါယာရှော့ဖြစ်ကာ အိမ်သုံးမီတာ(၁) လုံး၊ ပါဝါမီတာ(၁)လုံးနှင့် ၀ါယာကြိုးများ
မီးလောင် ကျွမ်းခဲ့ရာ တာမွေမြို့နယ် မီးသတ်ဦးစီးမှူး
ရဲသူရိန်ဌေးဝင်းဦးစီး မီးသတ်ယာဉ် (၂)စီးဖြင့် ငြိမ်းသတ်ခဲ့၍ (၁၁၄၇)အချိန်
မီးငြိမ်းသွားခဲ့ပါသည်။
မီးလောင်မှုကြောင့် တန်ဘိုး(၃၀၀၀၀ိ/-) ခန့် ဆုံးရှုံးခဲ့သဖြင့် ဆိုင်တာဝန်ခံ ကိုအောင်သန်းဇော် (ဘ) ဦးမိုးသွင်၊ ဗဟန်းမြို့နယ်နေသူအား ဗဟန်းမြို့မရဲစခန်းမှ (ပ)၂၂၆/၂၀၁၃၊ပုဒ်မ-၂၈၅ ဖြင့်အရေးယူ ထားရှိကြောင်း သတင်းရရှိပါသည်။

No comments :
Post a Comment