အစိုးရက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ
စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ထောင် ဒဏ်ချမှတ် အရေးယူမှု
များပြားလာကြောင်း သိရသည်။
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၂၉ လမ်း၊ ၈၄ လမ်းနှင့် ၈၅
လမ်းကြားရှိ ကိုင်းတန်းဈေး တရား ၀င် ရောင်းချခွင့်ပြုရန် ဈေးသူ၊
ဈေးသားများမှ မြို့တော်ဝန်ထံ တောင်းဆိုမှုပြုရာတွင် ပါဝင်ပတ်သက်သူ
ဦးအေးသိန်း၊ ဦးဝင်းဆွေမြင့်၊ ဦးစိန်အောင်၊ ဦးညီညီကျော်၊ ဒေါ်နီ နီအောင်၊
ဒေါ်နွယ်နွယ် ဦးနှင့် ဒေါ်သဲ သဲတို့ကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်
တရားရုံးမှ ဇွန် ၁၂ ရက်က ထောင်ဒဏ် ချမှတ်လိုက်ကြောင်း သိရှိရသည်။
အဆိုပါ ခုနစ်ဦးမှာ ထိုကဲ့သို့ ပါဝင်ပတ်သက်မှုဖြင့် ၁၀ လကျော်
အမှုရင်ဆိုင်ခဲ့ရပြီး ဦးအေးသိန်း၊ ဦး ၀င်းဆွေမြင့်နှင့်
ဦးစိန်အောင်တို့ကို ပုဒ်မ (၅၀၅) ခ၊ ပုဒ်မ (၁၈)တို့ဖြင့် ထောင်ဒဏ်
တစ်နှစ်သုံးလ ချမှတ် ကာ ကျန်လေးဦးအား ထောင်ဒဏ်သုံးလစီ ချမှတ်ခဲ့ကြောင်း
သိရှိရသည်။
ကိုင်းတန်းဈေးအား နေရာပြောင်းရွှေ့ ဖွင့်လှစ်ရောင်းချစေခြင်းနှင့်
ပတ်သက်၍ ဈေးသူ၊ ဈေးသားများသည် ၂၀၁၂ ခုနှစ် သြဂုတ် ၇ ရက်တွင် အဆိုပါ
ဈေးနေရာမှ မန္တလေးမြို့တော် စည်ပင်သာယာ ရုံးရှေ့ သို့ ခြေ ကျင်ရောက် ရှိကာ
တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေါ်နော်အုန်းလှသည် မေ ၂၃ ရက်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန်
ခရီးစဉ် အတွင်း ပြောကြား ခဲ့သည့် လက်ပံတောင်းတောင် ဆန္ဒပြသူများသည်
အခကြေးငွေဖြင့် ပြ သခြင်း ဖြစ် သည် ဟု ပြောကြားခဲ့ခြင်းနှင့် ပတ်သက်ပြီး
ခွင့်ပြုချက် မတင်ဘဲ ဆန္ဒပြခဲ့သည့် အတွက် ပုဒ်မ ၁၈ ဖြင့် တရား စွဲ ဆို
ခံထားရသူ ဖြစ်သည်။
လက်ရှိအချိန်တွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့တွင်
ဒေါ်နော်အုန်းလှ အပါဝင် အဖွဲ့ဝင် အမျိုးသမီး ငါးဦးမှာ မြို့နယ်ပေါင်းစုံမှ
ပုဒ်မ ၁၈ ဖြင့် စုစုပေါင်း ၂၆ မှု စွဲဆိုခံထားရကြောင်း သိရသည်။
တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ''ဒီဥပဒေကို ပြဋ္ဌာန်းတဲ့ လွှတ်တော်
ကိုယ်စားလှယ်တွေမှာ တာဝန် ရှိပါတယ်။ ဒီပုဒ်မ ၁၈ ဆိုတာ ဖွဲ့စည်းပုံ
အခြေခံဥပဒေ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ မူလ အခွင့်အရေးနှင့်
တာဝန်များ ပုဒ်မ ၃၅၄ (ခ)ကို တစ်ဖက်လှည့်နဲ့ နားလှည့်ပါးရိုက်
လုပ်လိုက်တာပဲ။ ဒီဥပဒေကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်။ ပြည်သူ့လွှတ်တော်
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော် မတီကိုလည်း
ကျွန်တော်တို့ တင်ပြထားတာ သုံးခါလောက် ရှိပါပြီ။ ဘာမှ
အကြောင်း မပြန်သေးပါဘူး'' ဟု ပြောကြားသည်။
ခွင့်ပြုချက် တင်ရခြင်းနှင့် စပ်လျဉ်းပြီး ''ဒီပြင်နိုင်ငံတွေမှာ
ခွင့်ပြုချက် တင်ရတယ်ဆိုတာ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်
အခွင့်အရေးကို ကာကွယ်ပေးဖို့နဲ့ လမ်းပိတ်ဆို့မှုတွေ မဖြစ်အောင်လို့
တင်ရတာပါ'' ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။
တော်ဝင် သစ်အချောထည် စက်ရုံတွင် ဖြစ်ပွားခဲ့သော အလုပ်ရှင် အလုပ်သမား
ပဋိပက္ခများနှင့် ပတ်သက် ၍ အလုပ်ရှင်သည် ပိုင်နက်ကျူးလွန်မှု အပါအ၀င်
ပုဒ်မလေးခုဖြင့် အလုပ်သမား ၁၂ ဦးကို တရားစွဲ ဆို ထားပြီး ယင်းအလုပ်သမား ၁၂
ဦးအနက် တော်ဝင်အလုပ်သမား သမဂ္ဂမှ ကိုနေလင်းဦး၊ ကိုဇင်မျိုးကိုကို၊
ကိုဘို ဘိုမင်း၊ မသီတာအောင်၊ မအိဇာဖြူဖြူနှင့် ကိုထက်ကိုကိုတို့ အပါအ၀င်
အလုပ် သမားအရေး ဆောင်ရွက်နေသော Action Labour Right မှ ကိုကျော်မင်းတို့ကို
ခွင့်ပြုမိန့်မရှိဘဲ ဆန္ဒပြ မှုကြောင့် ပုဒ်မ ၁၈ ဖြင့် စမ်းချောင်းမြို့နယ်၊
မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့ နယ်နှင့် ရွှေပြည် သာမြို့နယ် တို့တွင်
တ ရား စွဲဆိုထားကြောင်း သိရသည်။
''အခြေခံ ဥပဒေဆိုတာ နိုင်ငံတစ်နိုင်ငံမှာ အမြင့်ဆုံး ဥပဒေလို့
ပြောလို့ရပါတယ်။ ပုဒ်မ ၁၈ ဆိုတာ နည်းဥ ပဒေပါ။ ဒီပုဒ်မမှာတော့ နည်းဥပဒေတွေ၊
လုပ်ထုံးလုပ်နည်းတွေက နိုင်ငံတစ်နိုင်ငံရဲ့ အမြင့်ဆုံး အခြေခံ ဥပဒေကို
လွှမ်းမိုးသလို ဖြစ်နေပါတယ်။ အခြေခံဥပဒေမှာ ခွင့်ပြုတယ် ဆိုလို့ရှိရင်
နည်းဥပဒေတွေ၊ လုပ် ထုံးလုပ်နည်းတွေမှာလည်း ခွင့်ပြုပေး သင့်တယ်လို့
ထင်ပါတယ်။ ဒါကိုရဲမှူး၊ အပွင့် နှစ် ပွင့်လောက်တွေက
အခြေခံဥပဒေကိုဆုံးဖြတ်ပေးသလို ဖြစ်နေပါတယ်။တကယ်ဖြစ်သင့်တာက ဘယ် လို
အကြောင်းကြောင့်
ပြ မယ်၊ အချိန်၊ လူအင်အား အကြောင်းကြားပြီး လုံခြုံရေးအတွက် ရဲကို
အသိပေး သင့် တဲ့ ပုံစံလောက်ပဲ ဖြစ်သင့်တာပါ။ ဒါပေမဲ့ အခု ပုံစံက
စီတန်းလှည့်လည်မှု လုပ်မယ်ဆိုရင် အခြေခံ ဥပဒေထက် ရဲက အမြင့်ဆုံး
အာဏာပိုင်လို ဖြစ်နေတယ်။ ကြည့်ရတာ ပြောင်းပြန်ကြီး ဖြစ်နေပြီး
ကြည့်ရဆိုးပါတယ်'' ဟု ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ
ဦးစိုးတင့်ရီက ဆိုသည်။
၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက် (အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့) က
ကချင်ဒေသ တွင် ဖြစ်ပေါ်နေသော စစ်ပွဲများနှင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး
ရရှိရေးအတွက် ငြိမ်းချမ်းစွာ လမ်းလျှောက် ကြသော ကချင် ငြိမ်းချမ်းရေး
ကွန်ရက်မှ ခြောက်ဦးအား မြို့ နယ် ၁၀ မြို့နယ်ရှိ မြို့နယ်ရဲစခန်း များ မှ
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ (၁၈) ဖြင့်
တရားစွဲဆိုထားသည်။
ထို့ပြင် ကချင်ဒေသတွင် ဖြစ်ပေါ်နေသော စစ်ပွဲများ ရပ်ဆိုင်းရန်အတွက်
ကေအိုင်အေ ဌာနချုပ်တည်ရှိရာ လိုင် ဇာမြို့သို့ ရန်ကုန်မြို့မှ
ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ကြသူ ငါးဦးကိုလည်း ငြိမ်းချမ်းစွာ
စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ (၁၈) ဖြင့်ပင် ဖြတ်သန်းသွားလာရာ
မြို့နယ်ရဲစခန်း ရှစ်ခုမှ တရားစွဲဆိုထားသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်
(ဗဟိုလုပ်ငန်းကော်မတီ) ဦးအောင်မှိုင်းဆန်းက ''ကျွန်တော်တို့ ယုံကြည်တာက
လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ
သင်း ပင်းဖွဲ့စည်းခွင့်၊ အဲဒါတွေက မွေးရာပါ ရပိုင်ခွင့်တွေလို့
နားလည်ထားတယ်။ အဲဒါကို အခြား လူ တစ်ယောက်ဆီမှာ ခွင့်တောင်းပြီးတော့ ရရမယ့်
အရာများလို့ မခံယူဘူး။ အာဏာပိုင်တွေနဲ့ ဒီကိစ္စကို ဆက်ဆံတဲ့အခါမှာ အသိပေးတဲ့
အနေအထားပဲ လက်ခံတယ်။ ခွင့်တောင်းရမယ့် အရာမျိုး မဟုတ်ဘူး။ ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နဲ့
စီတန်းလှည့်လည်ခွင့်ကို ဒီပုဒ်မ ၁၈ က ပြန်ရုပ်သိမ်းတဲ့ သဘောမျိုး
သက်ရောက်နေတယ်'' ဟု ပြောကြားခဲ့သည်။
မည် သူမဆို ခွင့်ပြုမိန့်မရရှိဘဲ ငြိမ်းချမ်းစွာစုဝေးခြင်း သို့မဟုတ်
ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခြင်း ပြုကြောင်း ပြစ်မှုထင်ရှား
စီရင်ခြင်းခံရလျှင်၊ ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊
ကျပ် သုံးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ
ချမှတ်ရမည်ဖြစ်ကြောင်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ
စီတန်းလှည့်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ-၁၈ အရ သိရသည်။
နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊
ရပ်ရွာအေးချမ်း သာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ
ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် လက်နက်မပါဘဲ ငြိမ်းချမ်းစွာ
စုဝေးခွင့် စီတန်းလှည့်လည်ခွင့်ရှိကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ
၃၅၄ တွင် ပြဋ္ဌာန်းထားသည်။

No comments :
Post a Comment