Blogger Widgets

Friday, 2 October 2015

တရုတ်တောင်ပိုင်းရှိ မြို့တစ်မြို့၌ ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်

နိုင်ငံအနောက်တောင်ပိုင်းရှိ ကွမ်ရှီးပြည်နယ်တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် နာရီပိုင်းအတွင်း ဖြစ်ပွားခဲ့သော ယင်းနောက်ဆုံး ပေါက်ကွဲမှုတွင် သေဆုံး ဒဏ်ရာရသူ မရှိဟု သိရသည်။ ပေါက်ကွဲမှုသစ်သည် ကွမ်ရှီးဒေသ ကျေးလက်ကောင်တီရှိ လျူချန်းမှ လူနေအဆောက်အအုံတစ်ခုတွင် အောက်တိုဘာ ၁ ရက် အစောပိုင်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဗီယက်နမ် နယ်စပ်အနီး တည်ရှိသော လျူချန်းတွင် လူဦးရေ ၄၀၀၀၀၀ ခန့် နေထိုင်ပြီး တရုတ်၏ အဆင်းရဲဆုံး ဒေသတစ်ခု ဖြစ်သည်။
စက်တင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများသည် အကြမ်းဖက် တိုက်ခိုက်မှု မဟုတ်ကြောင်း ရဲတပ်ဖွဲ့က အလျင်အမြန် ထုတ်ပြန်ခဲ့ပြီး ရာဇ၀တ်မှုတစ်ခု အဖြစ်သာ သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။ တရုတ်ရှိ လူနည်းစု ၀ီဂါမျိုးနွယ်များနှင့် ဆက်နွှယ်သော မငြိမ်သက်မှုများ ဖြစ်ပေါ်နေစဉ် ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၁ ရက်က ပေါက်ကွဲမှုတွင် လူနေခြောက်ထပ် အဆောက်အအုံတစ်လုံး ပျက်စီးမှု အချို့ရှိခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top