Blogger Widgets

Friday, 2 October 2015

ဒီဇိုင်နာဖြစ်သူ ဇနီးသည် ဗစ်တိုးရီးယားထက် ပစ္စည်းထုပ်ပိုးမှု ပိုကျွမ်းကျင်တဲ့ဘက်ခမ်း

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း တဖြစ်လဲ ကုလသမဂ္ဂသံတမန် ဘက်ခမ်းက ဖက်ရှင်ဒီဇိုင်နာဖြစ်သူ ဇနီးသည် ဗစ်တိုးရီးယားထက် ကုန်ပစ္စည်း ထုပ်ပိုးတဲ့အပိုင်းမှာ ပိုတော်တယ်လို့ ဆိုပါတယ်။ 
ဘက်ခမ်းဟာ အိမ်မှုပစ္စည်းတွေ နေရာတကျ ရှိနေတာကို သဘောကျသူဖြစ်ပြီး ခရီးတစ်ခုခု သွားတော့မယ်ဆိုရင်လည်း ခရီးဆောင်အိတ် အသင့်ဖြစ်နေတတ်တဲ့အထိ စနစ်ကျတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။ အသွင်တူမှ အိမ်သူဖြစ်ဆိုတဲ့ ဆိုရိုးစကားရှိပေမယ့် ဗစ်တိုးရီးယားကတော့ ခရီးသွားမယ်ဆိုရင် သွားခါနီး အချိန်ရောက်မှ ခရီးဆောင်အိတ် ထည့်တတ်သူဖြစ်ပါတယ်။
ဘက်ခမ်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း
ဟောလီးဝုဒ် သရုပ်ဆောင် ဟာဗေးကီတယ်နဲ့
မက္ကဆီကိုမှာ Outlaws ဇာတ်ကား သွားရိုက်ပြီးအပြန် ဇနီးသည် ဗစ်တိုးရီးယားအတွက် မက္ကဆီကိုထွက် တက်ကီလာအရက်ပုလင်းတစ်လုံး လက်ဆောင်ယူလာခဲ့တယ်လို့ သိရပါတယ်။
ဗစ်တိုးရီးယားက တက်ကီလာ ခရေဇီတစ်ယောက် ဖြစ်တဲ့အတွက် ဘက်ခမ်းရဲ့ လက်ဆောင်က သူမအတွက် အကြိုက်တွေ့စရာဖြစ်ခဲ့ပါသတဲ့။
"လူတိုင်းရဲ့ဘ၀မှာ တက်ကီလာကို နှစ်နှစ်ခြိုက်ခြိုက် သောက်ခဲ့တဲ့ အချိန်အပိုင်းအခြားတစ်ခု ရှိပါလိမ့်မယ်။ အထူးသဖြင့် အသက်ကြီးလာတဲ့အချိန်မှာ တက်ကီလာကို ပိုနှစ်သက်လာတတ်ပါတယ်။ ကျွန်တော် ၀ယ်လာတဲ့ တက်ကီလာက အသစ်တစ်မျိုးဖြစ်လို့ ဗစ်တိုးရီးယား သဘောကျခဲ့ပါတယ်"လို့ ဘက်ခမ်းက ပြောပါတယ်။
Yoyarlay's photo.

No comments :

Post a Comment

Blogger Widgets
Back to Top