Blogger Widgets

Saturday, 26 April 2014

တိုယိုတာက မြန်မာတွင်စက်ရုံဆောက်ရေး ဆွေးနွေး

Image and video hosting by TinyPic
ကမ္ဘာကျော် ဂျပန်ကားကုမ္ပဏီဖြစ်သည့် တိုယိုတာက မြန်မာနိုင်ငံတွင် ကားစက်ရုံ တည်ဆောက်ရေး အတွက် ဧပြီလ ၂၃ ရက်က လာရောက်ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောသည်။
၎င်းက “ ကျွန်တော်တို့စက်မှုဝန်ကြီးဌာနက စက်ရုံတစ်ရုံမှာ ကားထုတ်တဲ့စက်ရုံတည်ဖို့ဖြစ်နိုင်တဲ့ အလား အလာတွေကို လာရောက်ဆွေးနွေးတာပါ” ဟု တယ်လီဖုန်းမှတစ်ဆင့် ဖြေကြားသည်။
ထို့ပြင် စက်မှုဝန်ကြီးဌာနလက် အောက်ရှိစက်ရုံတစ်ရုံတွင် ကားစက်ရုံ တည်ဆောက်ရေးဖြစ်နိုင်ခြေလေ့လာမှုများနှင့် ပတ်သက်၍လည်းဆွေးနွေးခဲ့သည်ဟု ၎င်းကဆိုသည်။ သို့သော် အသေးစိတ်ကိုမူ ပြောကြား ခြင်းမရှိပေ။
ထို့အပြင် တိုယိုတာက မြန်မာနိုင်ငံတွင် တရားဝင်အရောင်းကွန်ရက်တစ်ခုတည်ထောင်ရန် မြန်မာနိုင်ငံ တွင် တိုယိုတာ၏ဈေးကွက်အား ချဲ့ထွင်ရန်ကိစ္စများ၊ စက်ရုံတည်ထောင်ပါက ကြုံတွေ့နိုင်သည့် အခက်အခဲ များစသည်တို့ကိုပါ ဆွေးနွေးခဲ့ကြသည်ဟု အဆိုပါဆွေးနွေးပွဲတွင် ပါဝင်သူတစ်ဦးက ပြောသည်။
၎င်းက “ မြန်မာနိုင်ငံမှာ ကားတွေကို အခွန်ဘယ်လိုကောက်တယ်။ ကားဟောင်းတွေဆို ဘယ်လိုအခွန် ကောက်တယ်စတဲ့ အခွန်စနစ်တွေအကြောင်းလည်း မေးမြန်းသွားပါတယ်” ဟု ဆိုသည်။
ဂျပန်တိုယိုတာကားကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ယခုလ အစောပိုင်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ လာရောက်ဆွေးနွေးခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက အတည်ပြု ပြောကြားထားသည်။
နေပြည်တော်တွင် ကားအရောင်းစင်တာဖွင့်လှစ်ထားသူ တစ်ဦးက “မြန်မာနိုင်ငံအနေဖြင့် ဥရောပ သမဂ္ဂ နှင့် ၂၀၁၃ ခုနှစ် လယ်ကကုန်သွယ်မှုအထူးအခွင့်အရေးဆိုင်ရာ GSP ရထားခြင်း၊ အမေရိကန်ပြည် ထောင်စုနှင့် ကုန်သွယ်မှုအထူးအခွင့်အရေးဆိုင်ရာ ညှိနှိုင်းခြင်းများကို မကြာမီပြုလုပ်မည်ဖြစ်သဖြင့် ကား ထုတ်လုပ်သူများအနေဖြင့် မူရင်းထုတ်လုပ်သည့် နိုင်ငံကပေးအပ်သည့်ခွင့်အရေးကို အပြည့်အ၀ ခံစားရ မည်ဖြစ်သည်ဟု သုံးသပ်သည်။ ၎င်းက “ ကားစက်ရုံလာတည်ရင် ရင်းနှီးမြှုပ်နှံမှုပမာဏလည်းကြီးမယ်။ အလုပ်အကိုင်အခွင့်အလမ်းကော နည်းပညာပါ ကျွန်တော်တို့ဆီကရမယ်”ဟု ဆိုသည်။

No comments :

Post a Comment

Blogger Widgets
Back to Top