ဒီနှစ်သင်္ကြန်ကာလအတွင်း လုံခြုံရေးကို တင်းတင်း
ကြပ်ကြပ်ချထားခဲ့တာကြောင့် သင်္ကြန်ရက်တွေ အတွင်း
မှုခင်းမရှိသလောက်ဖြစ်တယ်လို့ ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့က ဒီနေ့
ပြောပါတယ်။
လုံခြုံရေးတာဝန်ရှိသူတွေ အနေနဲ့ စည်းကမ်း ထိန်းသိမ်းရေး
အပိုင်းလောက်ကိုသာ တာဝန် ယူခဲ့ရကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်
ဒုတိယရဲမှူးကြီး မြင့်အေးက ပြောပါတယ်။
"မဏ္ဍပ်တွေမှာ အဲ့ဒီမှာ တပ်ဖွဲ့ဝင်အားလုံးက မဏ္ဍပ် နှစ်ခု၊သုံးခုမှာ
ရဲကင်းလေးတွေ လုပ်ပြီး နေရာ ယူထားပြီးတော့ စောင့်ရှောက်ပေး သလို
အဲ့ဒီသက်ဆိုင်ရာ မဏ္ဍပ်တွေမှာလည်း ၂ဝ ကနေ ၄ဝ အထိကုမ္ပဏီ
လုံခြုံရေးဝန်ထမ်းတွေလည်း ငှားပြီးတော့ ဆောင်ရွက်တယ်၊ ရဲတပ်ဖွဲ့ ကတော့ ဘေး
ကနေရံ ပြီးတော့ ဆောင်ရွက်ပေးရ ပါတယ်၊ အရေးပေါ်အခြေအနေမှ အကုန်လုံး
ရှင်းလင်းထုတ်ပေးတယ်၊ ကြီးကြီးမားမားတော့ မရှိပါဘူး
အားလုံးအေးချမ်းပါတယ်၊သင်္ကြန်တွင်းမှာ အရက်တို့၊ဘီယာတို့ရောင်းတာဖမ်း တာတော့
လေးငါးဆယ် မကတော့ပါဘူး၊ ဖမ်းပြီးတော့မှချက်ချင်းပဲပေါ့ အထူးတရားရုံးမှာ
တရားစွဲပါတယ်၊ခါးပိုက်နှိက် ခုနှစ်ဦး ၊ရှစ်ဦးအထိ
ဖမ်းထားပါတယ်၊ကြီးကြီးမားမား အမှုတော့ မရှိပါဘူး"
ဒီနှစ်သင်္ကြန်ရက်တွေအတွင်း ကွပ်ကဲရေးဌာနချုပ်တွေအဖြစ် ပြည်လမ်းက
အိုင်ဘီစီရုံးနားမှာ တစ်နေရာ၊ သိမ်ဖြူကွင်းရှေ့မှာ တစ်နေရာ နဲ့
မြကျွန်းသာပန်းခြ၊ံ ကမ္ဘာအေးဘုရားလမ်းမှာ တစ်နေရာ စုစုပေါင်း သုံးနေရာကနေ
ကွပ်ကဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ငါးထောင်နီးပါးလောက် ချထားပြီး
လုံခြုံရေး တာဝန်ယူ ပေးခဲ့တယ်လို့ ပြောပါတယ်။
သင်္ကြန်အတက်နေ့မှာ ရေပက်ခံထွက်သူတွေရဲ့ ပြောပြချက်ကို RFA သတင်းထောက် မသင်းသင်းထက်က တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဒီနှစ်သင်္ကြန်ကာလဖြတ်သန်းမှုအကြောင်း အနုပညာရှင်တချို့ ပြောပြထားတာတွေကို RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
အခုနှစ်သင်္ကြန်မှာ ကြုံတွေ့ခဲ့ရတဲ့ ပြောင်းလဲမှုတွေကို RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာကို လည်း နားဆင်နိုင်ပါတယ်။

No comments :
Post a Comment