Blogger Widgets

Wednesday, 30 April 2014

ဲပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်က နယ်လှည့်ပြီးပါးရိုက် မွန်ပြည်နယ်ဝန်ကြီး ဦးအုန်းမြင့်က အဆဲခံ

ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်က နယ်လှည့်ပြီးပါးရိုက်
မွန်ပြည်နယ်ဝန်ကြီး ဦးအုန်းမြင့်က အဆဲခံ

“နယ်လှည့်ပြီးပါးရိုက်လာတာ”ဟုဆိုသော ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ပြီးနောက် “မကျေနပ် လို့ရှိရင်ကျွန်တော့်ကို
လာဆဲပါ။ အဆဲခံပါ့မယ်”ဟု မွန်ပြည်နယ်ဝန် ကြီးချုပ်ဦးအုန်းမြင့်ကပြောလာပြန်သည်။

ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်းသည်ဧပြီ (၂၅) ရက်နေ့တွင် သထုံမြို့၊ သုဝဏ္ဏခန်းမဆောင်၌သထုံခရိုင်
(၄)မြို့နယ်ပါတီစုံတွေ့ဆုံဆွေးနွေး ပွဲကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ၀န်ကြီးချုပ်ဦးအုန်းမြင့်ကအခုတင် ပြသူများအနေနဲ့
၎င်းကို ဆဲလိုပါက ၎င်းအနေဖြင့်အဆဲခံနိုင်ပါကြောင်း ပြောကြားခဲ့သည်ဟုသိရသည်။

ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်းသည်တပ် မတော်တာဝန်ထမ်းဆောင်ခဲ့စဉ် က တာဝန်ကျခဲ့ဖူးသော
သုဝဏ္ဏ ဘုမိသထုံမြို့သို့ရောက်ရှိခိုက်ပါတီ များနှင့်တွေ့ဆုံဆွေးနွေးရာတွင် မွန်ပြည်နယ်ဝန်ကြီးဦးအုန်းမြင့်အပါအ၀င် (၄)
မြို့နယ်မှ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ မြို့မိမြို့ဖများဖိတ် ကြားထားသည့်ဧည့်သည်များတက် ရောက်ကြကြောင်း သိရသည်။ အဆိုပါတွေ့ဆုံပွဲတွင် ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကမြို့နယ်အလိုက် အသီးသီးတင်ပြလိုပါက တင်ပြ
နိုင်ပါကြောင်း ပြောကြားပြီးနောက် မြို့နယ်အလိုက် (၄) မြို့နယ် ပြဿနာများကို တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါတင်ပြမှုအပေါ်မွန် ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်က
“တင်ပြသူများအနေနဲ့ ကျွန်တော့် ကို မကျေနပ်လို့ဆဲလိုပါက ကျွန်တော့်ရုံးဝကနေထိုင်ပြီး ဆဲရင်လည်း ကျွန်တော်နား
ထောင်ပေး ပါ့မယ်။ ကျွန်တော်အဆဲခံနိုင်ပါတယ်”
ဟုတင်ပြသူများကိုတုံ့ပြန် ပြောကြားခဲ့ကြောင်း သိရသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက
“ကျွန်တော့် အနေနဲ့ကတော့ အဆဲမခံနိုင်ဘူး။
အဆဲခံနိုင်တဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်ကို ဆဲကြည့်ကြပေါ့”
ဟုပါတီစုံတွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အဆဲခံနိုင်ပါတယ် ဆိုတဲ့ကိစ္စနှင့်ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ရပ်မိရပ်ဖတစ်ဦး
အား မေးမြန်းရာတွင်

“၁၉၉၂ ခုနှစ်က တည်းက ကျွန်တော်တို့ရွာမှာရှိတဲ့ ကိုယ်ထူကိုယ်ထကျောင်းကလေးဟာ ၂၀၁၂ ခုနှစ်ရောက်တော့ အိမ်
ဖြစ်သွားတဲ့ကိစ္စ၊ ကူညီဖြေရှင်းပေးပါလို့ ပြည်ထောင်စုလွှတ် တော်နာယကကို တင်ပြတဲ့အခါမှာ မွန်ပြည်နယ်ဝန်ကြီးချုပ်က
စိတ်တိုလာတဲ့အနေအထားနဲ့ ဒီ စကားကို ထပြီးပြောလိုက်တာပါ”
ဟု ပေါင်မြို့နယ်လက်ပံကျေးရွာမှ ဦးငွေသိမ်းက အတည်ပြုပြောကြားသွားသည်။

No comments :

Post a Comment

Blogger Widgets
Back to Top