Blogger Widgets

Thursday, 17 April 2014

အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိကြော်ငြာဆိုင်ဘုတ် ဝင်တိုက်မိသည့်ယာဉ်ကြောင့် (၁၁)ဦးဒဏ်ရာရ

ဧပြီလ(၁၆)ရက်နေ့ ညနေ(၄)နာရီခွဲအချိန်က မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ အသက်(၂၁)နှစ်အရွယ် ယာဉ်မောင်း ၀င်းမျိုး မောင်းနှင်လာသော ဟိုင်းလတ်ပစ်ကပ်ခဲရောင်ကိုယ်ပိုင်ယာဉ်သည် ရဲဘော်ဟောင်းမှတ်တိုင်အနီး အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ဘေးရှိ ကြော်ငြာဆိုင်းဘုတ်ကို ၀င်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်မိခဲ့သဖြင့် ယာဉ်မောင်း ၀င်းမျိုးတွင် ယာလက်ဖ၀ါးပွန်း၊ ယာချိုစောင်းဖူးရောင် ဒဏ်ရာများရရှိပြီး(သတိမရ)အဖြစ်ဖြင့်လည်းကောင်း၊ ယာဉ်ပေါ်ပါသူ အသက်(၄၀)နှစ်အရွယ် မလင်းလင်းထိုက်တွင် နှာတံပေါက်၊ နှာခေါင်း သွေးထွက်ဒဏ်ရာများရရှိကာ (သတိမရ)အဖြစ်ဖြင့်လည်းကောင်း အင်းစိန်ဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ)များအဖြစ် တက်ရောက် ကုသလျက်ရှိကြောင်း သိရသည်။
ဒေါ်မြင့်မြင့်သန်းပါ မ(၄)ဦး နှင့် ကျား(၅)တို့တွင် ဖူးရောင်ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိကာ အင်းစိန်ဆေးရုံ၌ပင် အတွင်း/ပြင်ပလူနာ(မစိုးရိမ်ရ)များဖြင့် တက်ရောက် ကုသခဲ့ရကြောင်းလည်း သိရသည်။
ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ၀င်းမျိုးအား ထောက်ကြန့်နယ်မြေရဲစခန်း ယာဉ်(ပ)၂၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၂၇၉ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top