ထိုင်းနိုင်ငံ ဖူးခက်မြို့တရားရုံးမှာ သြစတြေးလျသတင်းထောက်နဲ့ ထိုင်း
သတင်းထောက်တွေ တရားရင်ဆိုင်နေရလို့ ဧပြီ ၁၇ ရက် ဒီနေ့မှာ ရုံးတင်ခံနေရတာ
ဖြစ်ပါတယ်။
ရိုဟင်ဂျာမွတ်စလင်တွေကို လူကုန်ကူးမှုသတင်း အစီရင်ခံစာအတွက် သူတို့ကို ထိုင်းရေတပ်က အသရေဖျက်မှုနဲ့ တရားစွဲထားပါတယ်။

ဓာတ်ပုံ – Phuket Wan Website
သတင်းထောက်တွေဟာ ဖူးခက်ဝမ်သတင်းဌာနက ဖြစ်ပြီး သြစတြေးလျသတင်းထောက် အလန်မောရစ်ဆန်က မီဒီယာလွတ်လပ်ခွင့် တိုက်ခိုက်ခံရတယ်လို့ ခံစားရတယ်။
“တခြားအရေးတွေကို ကိုင်တွယ်သလိုပဲ ဖြစ်နိုင်သမျှ တိုက်ရိုက်တည့်တည့် ကိုင်တွယ်ဖို့ လိုတယ်ဆိုတဲ့အသိ နိုးကြားနေခဲ့ပါတယ်။ ကျနော်တို့ကိုယ်စား ထပ်ခါထပ်ခါ ပြောနေခဲ့သင့်တယ် ဘယ်သူမှ ကျနော်တို့ကို လာပြီး ကာကွယ်ပေးမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်သူများအခွင့်အရေး ကာကွယ်ပေးတဲ့ တက်ကြွ လှုပ်ရှားသူတွေ၊ ပညာရှင်တွေနဲ့ စုံစမ်းဖော်ထုတ်ရေး သတင်းထောက်တွေအပေါ် ဥပဒေဟာ ဆိုးရွားတဲ့နည်းလမ်းအားလုံးနဲ့ အသုံးချခံနေရတယ်။ ကျနော်တို့ဟာ အသိသာဆုံး အမှုပဲ။ ဒါဟာ စစ်တပ်ကြောင့်လို့ ခန့်မှန်းမိတယ်” လို့ သူက ဆက်ပြောပါတယ်။
သြစတြေးလျ အယ်ဒီတာ အလန်မောရစ်ဆန်နဲ့ ထိုင်းလုပ်ဖော်ကိုင်ဖက် ချုတိမာ စီဒါစာသီယန်တို့ဟာ ပြစ်မှုထင်ရှားရင် အသရေဖျက်မှုအတွက် ထောင်ဒဏ် ၂ နှစ်နဲ့ ကွန်ပြူတာ ရာဇ၀တ်မှုဥပဒေကို ချိုးဖောက်မှုအတွက် ထောင်ဒဏ် ၅ နှစ်တို့ကို ကျခံရနိုင်တဲ့အပြင် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၃၁၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

No comments :
Post a Comment