မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ယနေ့
(၈)ရက် နံနက် တစ်နာရီမထိုးမီ အချိန်ကတည်းကပင် ရန်ကုန်မြို့ရှိ
အထက်တန်းကျောင်း(၇) တွင် ကြေညာလိုက် ပြီဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးရှိ တက္ကသိုလ်ဝင်တန်း အောင်စာရင်း ကြေညာချက် ထုတ်ပြန်ပေးသော ကျောင်းများမှာ

ရန်ကုန်မြို့တွင် အ.ထ.က (၁)လသာ၊ အ.ထ.က(၁)လမ်းမတော်၊
အ.ထ.က(၁)အင်းစိန်၊ အ.ထ.က
(၃) ကမာရွတ်၊ အ.ထ.က(၁)ရန်ကင်း၊ အ.ထ.က(၁)သင်္ဃကျွန်းနှင့် အ.ထ.က(၂)ဒဂုံတို့ ဖြစ်ကြောင်း သိရသည်။
ဗိုလ်တစ်ထောင်မြို့နယ်တွင် ဖြေဆိုထားသော ကျောင်းသား/သူများအတွက်အ.ထ.က(၆)ဗိုလ်တစ်ထောင်တွင်
အောင်စာရင်းများ ကြည့်ရှုနိုင်ကြောင်းလည်း သိရသည်။

No comments :
Post a Comment