Blogger Widgets

Saturday, 8 June 2013

ဘရိတ်ချို့ယွင်းချက်ကြောင့် တိုယိုတာကားများ ပြန်လည်သိမ်းယူမည်

ဂျပန်အခြေစိုက် တိုယိုတာ ကုမ္ပဏီဟာ ကမ္ဘာတစ်ဝှမ်းရှိ ၄င်းကုမ်္ပဏီထုတ်နှစ်မျိုးစပ် မော်တော်ကား အစီးရေ နှစ်သိန်းလေးသောင်းကျော်ကိုပြန် လည်သိမ်းယူသွားမယ်လို့ ကြေညာခဲ့ကြောင်း သိရပါတယ်။
အခုလို ပြန်လည် သိမ်းယူသွားဖို့ စီစဉ်ရတာဟာ မော်တော်ကားတွေမှာရှိတဲ့ ဘရိတ်တွေကြောင့် ဖြစ်ပါတယ်။ ပြန်လည် သိမ်းယူသွားမယ့် မော်တော်ကားမော်ဒယ် အမျိုးအစားတွေကတော့ ၂၀၀၉ခုနှစ် မတ်လနဲ့ အောက်တိုဘာလ အတွင်းက ထုတ်လုပ်ခဲ့တဲ့ Prius နဲ့ Lexus HS 250h တို့ ဖြစ်
ပါတယ်။မော်တော်ကားတွေရဲ့ ဘရိတ်စစ်စတမ်နဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံအတွင်း
မှာ တိုင်ကြားမှုတွေရှိခဲ့သလို ဒီကားတွေရဲ့ဘရိတ်တွေမှာအက်ကွဲကြောင်း
တွေ ဖြစ်ပေါ်လာပြီး၊ ကားအရှိန်ထိန်းရာမှာ အခက်အခဲတွေ ရှိလာနိုင်
တာကြောင့် အခုလို သိမ်းယူရာတာ ဖြစ်တယ်လို့ ဂျပန်ပို့ဆောင်ရေးဝန်ကြီး
ဌာနမှ ပြောကြားခဲ့ပါတယ်။ တိုယိုတာကုမ္ပဏီဟာ ပရီးယက်စ်နဲ့ လဲ့နစ်ခ်စ်
ကားတွေကို ဂျပန်နိုင်ငံအတွင်းမှ အစီးရေ တစ်သိန်းကျော်နဲ့ အမေရိကန်
ပြည်ထောင်စုမှ အစီးရေ၈သောင်းကျော် ပြန်လည်သိမ်းယူသွားမှာ
ဖြစ်ကြောင်း သိရပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top