Blogger Widgets

Saturday, 15 June 2013

စကုမြို့ မန်းချောင်း ရေကြီးမှုကြောင့် တောင်သူများ ဆုံးရှုံးမှုများဖြစ်ပေါ်

မကွေးတိုင်း ဒေသကြီး စကုမြို့မှာ မန်းချောင်းရေကြီး မှုကြောင့် မန်းချောင်း တလျှောက် ကိုင်းသီးနှံစိုက်ပျိုး တောင်သူများ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိပါသည်။

ယခုရက်ပိုင်းအတွင်း မန်းချောင်း အစပြုရာ တောင်ပေါ်နေရာများနှင့် စကုမြို့နယ်ဝန်းကျင်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မန်းချောင်းအတွင်း ရေမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ရာ မန်းချောင်း တလျှောက် ကိုင်းသီးနှံစိုက်ပျိုးသော တောင်သူများ ၏ စိုက်ခင်းသီးနှံများ ရေနစ်မြုပ်မှုကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

နှမ်း၊ ပြောင်း၊ ငရုတ် ၊ နံနံ စသည့်သီးနှံများစိုက်ပျိုးထားရှိရာ ရေနစ်မြုပ်မှုကြောင့် စိုက်ပျိုးသီးနှံများ ဆုံးရှုံးခဲ့ရသည်ဟု ပင်လယ်သက်၊ လက်ခုပ်ပင်၊ သမထီး၊ ကျောင်းရွာရပ်ကွက်များမှ တောင်သူများက
ပြောကြားသည်။

နှစ်စဉ်ရေကြီးချိန်တွင် မန်းချောင်းအတွင်း မျောပါလာသော ကြွက်၊ ပူး၊ ထင်းများကို လိုက်လံ ဆယ်ယူရာမှ ရေနစ်သေဆုံးမှုများလည်း ရှိသည်။ ၁၂၊ ၆၊ ၂၀၁၃ ရက်နေ့က စကုမြို့နယ်၊ လက်ခုပ်ပင်ကျေးရွာအုပ်စု၊ ပင်လယ်သက်ကျေးရွာ တွင်လည်း မန်းချောင်းအတွင်း မျောပါနေသော ထင်းများလိုက်လံဆယ်ယူရာမှ အမျိုးသား တစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top