ဇွန် ၈ ရက်က တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ကြည့်ရှုနေသူများ
၂၀၁၂-၁၃ ပညာသင်နှစ်၏ အခြေခံပညာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ အောင်ချက်ရာခိုင်နှုန်း ၃၃ ဒသမ ၃၉ ရာခိုင်နှုန်း ရှိခဲ့ကြောင်း အမှတ်(၃) အခြေခံပညာ ဦးစီးဌာနမှ သိရသည်။
၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ၀င်ရောက်ဖြေဆိုသူ ကျောင်းသားဦးရေ ၁၀၄၉၉၂ ဦး ရှိခဲ့ပြီး ရာခိုင်နှုန်း ၉၀ ကျော် ၀င်ရောက်ဖြေဆို ခဲ့ကြခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအား မတ် ၁၃ ရက်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးရှိ
စာစစ်ဌာန ၁၂၇၈ ခု၊ နိုင်ငံခြား စာစစ်ဌာန ၁၈ ခု၊ စုစုပေါင်း စာစစ်ဌာနပေါင်း ၁၂၉၆ ခုတို့၌ ကျောင်းသားကျောင်းသူ စုစုပေါင်း ၄၈၇၀၀၀ ကျော် ၀င်ရောက်ဖြေဆိုခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာအရ အောင်ချက်ရာခိုင်နှုန်းများကို လတ်တလော၌ စာရင်းမချုပ်ရသေးကြောင်း သိရသည်။
၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျောင်းသားအများစု ဖြေဆိုနိုင်မှု အားနည်းသည့် ဘာသာရပ်အချို့မှာ သချာင်္ဘာသာရပ်နှင့် ဇီဝဗေဒ ဘာသာရပ်တို့ ဖြစ်ကြ . . . . . |
ယခင် ၂၀၁၂ ခုနှစ်၌ ရန်ကုန်တိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမှာ ၃၃ ဒသမ ၇၀ ရခဲ့သည့်အတွက် ယခုနှစ်အောင်ချက် ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၃၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။
၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျောင်းသားအများစု ဖြေဆိုနိုင်မှု အားနည်းသည့် ဘာသာရပ်အချို့မှာ သချာင်္ဘာသာရပ်နှင့် ဇီဝဗေဒ ဘာသာရပ်တို့ ဖြစ်ကြပြီး ကျန်ဘာသာရပ်များကို ကျောင်းသားအများစု ဖြေဆိုနိုင်ခဲ့သည်။
"ကျွန်တော်တို့ တစ်ဖွဲ့လုံး စာမေးပွဲဖြေတုန်းက သင်္ချာဘာသာရပ်နဲ့ ဇီဝဗေဒ ဘာသာရပ်မှာပဲ တော်တော်ထိသွားတာ။ ဒီဘာသာရပ် (၂)ခုနဲ့ပဲ ကျသွားတယ်လို့ ထင်တာပဲ။ ကျန်တဲ့ဘာသာတွေ အားလုံးကတော့ တော်တော်လေးကို ဖြေနိုင်ခဲ့ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အထက(၄) မရမ်းကုန်းတွင် အောင်စာရင်း လာရောက်ကြည့်ရှုခဲ့သူ ကျောင်းသားတစ်ဦးက ပြောကြားခဲ့သည်။
"တချို့အောင်ကြပေမယ့် တချို့ဘာသာတွေမှာ ထိသွားလို့ ကျကြတယ်၊ တချို့ကျတော့လည်း ကျက်စာတွေမှာ ထိကြတယ်" ဟု အ.ထ.က (၃) သာကေတမြို့နယ်တွင် အောင်စာရင်းကြည့်သူ ကျောင်းသူတစ်ဦးက ဆိုသည်။

No comments :
Post a Comment