လန်ဒန် ။ ။ ယမန်နေ့က Eleven Media Group မှ
ရိုဟင်ဂျာ အဖွဲ့အစည်း သုံးခုမှ မြန်မာ နိုင်ငံကို ဘာသာရေး စစ်ပွဲ
ဆင်နွဲရန် ပြင်ဆင် နေသည်ဟု အင်္ဂလိပ် ဘာသာဖြင့် ရေးသား၍ သတင်းမှား
ဖြန့်ခဲ့သည်။ အဆိုပါ သတင်းမှား ၀ါဒ ဖြန့်ချီမှုနှင့် ပတ်သက်၍ အင်္ဂလန် နိုင်ငံ
အခြေစိုက် Arakan Rohingya National Organisation (ARNO) မှ ကြေညာချက်
တစ်စောင် ထုတ်ပြန် လိုက်သည်။
Eleven Media Group ၏ အင်္ဂလိပ် ဘာသာဖြင့်
ရေးသားသော သတင်းတွင် Rohingya Solidarity Organisation (RSO), Arakan
Rohingya National Organization (ARNO) နှင့် Rohingya National Security
Council (RNSC) တို့ ပူးပေါင်း၍ မြန်မာ နိုင်ငံကို ဘာသာရေး စစ်ပွဲ
(ဂျီဟာဒ်) ဆင်နွဲရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇားမြို့တွင် ရှစ်ဦး
လျှို့ဝှက် အစည်းအဝေး ထိုင်၍ ဆုံးဖြတ် ခဲ့ကြောင်း၊ ရခိုင် ပြည်နယ်၊
ဘူးသီးတောင် မြို့နယ်နှင့် မောင်တော မြို့နယ်တို့ကို ၀င်ရောက်
တိုက်ခိုက်ရန် စီစဉ် လျက်ရှိကြောင်း၊ မေလ (၉) ရက်နေ့မှ (၁၃) ရက်နေ့ အတွင်း
တိုက်ခိုက် လိမ့်မည် ဖြစ်ကြောင်း မဟုတ် မမှန် ရေး၍ နိုင်ငံ တကာသို့ ၀ါဒ
ဖြန့်ချီ ထားသည်ကို တွေ့ရှိ ရသည်။
နိုင်ငံတကာမှ ရိုဟင်ဂျာ အရေး
လှုပ်ရှားသူများ၊ နိုင်ငံ တကာ စာနယ်ဇင်း သမားများမှ အဆိုပါ မဟုတ် မမှန်သည့်
သတင်းကို ၎င်းတို့၏ လူမှု ကွန်ယက် များဖြစ်သည့် Twitter နှင့် Facebook
များတွင် တင်၍ ရွှံရှာစွာ ပြစ်တင် ရှုတ်ချ ခဲ့သည်ကို တွေ့ရသည်။
ထိုသို့ ပြစ်တင် ရှုတ်ချ ခြင်းများကြောင့်
Eleven Media မှ မဟုတ် မမှန် သပုတ် လေလွှင့် ရေးသားခဲ့ သည့်သတင်းကို Eleven
Media website မှ ဖျက်သိမ်း လိုက်သည် ကိုလည်း လေ့လာ သိရှိ ရပါသည်။
ARNO မှ ယနေ့ ထုတ်ပြန်သည့် ကြေညာချက်တွင်
Eleven Media မှ အထောက် အထား မခိုင်လုံ ဘဲ ရေးသား ထားသော သတင်းသည် အခြေ
အမြစ် မရှိ၊ လုပ်ကြံ ရေးသား ထားသော သတင်းမှား သာ ဖြစ်ပြီး၊ ARNO ၏
ဂုဏ်သတင်း ပျက်စီး စေရန် ရည်ရွယ် ထားခြင်း ဖြစ်ကြောင်း ဖော်ပြ ထားသည်။
ထို့အပြင် Rohingya National Security Council (RNSC) ဟူသော အဖွဲ့အစည်း
အမည်ကို မည်သည့် အခါက မျှ ကြားဖူး ခဲ့ခြင်း မရှိကြောင်း၊ Rohingya
Solidarity Organisation (RSO) နှင့်လည်း ထိုကဲ့သို့ မည်သည့် အခါကမျှ အစည်း
အဝေး မထိုင်ခဲ့ဖူးကြောင်း ရှင်းလင်း ရေး သားထားသည်။
ARNO မှ Eleven Media Group ၏
ကျင့်ဝတ်နှင့် မညီသော သတင်းကို ရှုံ့ချကြောင်း၊ Eleven Media သည် လွန်ခဲ့သော
၂၀၁၂ ခုနှစ် ဇွန်လ၌ ရခိုင် ပြည်နယ် တွင်အကြမ်းဖက် မှုများ ဖြစ်ပွား သည့်
အချိန်မှ စ၍ မွတ်စလင် ဆန့်ကျင်ရေး တွင်လောင်စာ ထည့်ခဲ့သည့် နိုင်ငံတကာ တွင်
နာမည်ဆိုး ရလာသော ၀ါဒ ဖြန့်ချီသည့် သတင်း ဌာန တစ်ခုသာ ဖြစ်ကြောင်း ရေးသား
ဖော်ပြ ထားသည်

No comments :
Post a Comment