Blogger Widgets

Tuesday, 7 May 2013

လူ ၁၀၀၀ ကျော်က ရေကူးဝတ်စုံများဖြင့် ရုရှားတွင် စကိတ်စီးပြခဲ့

ရုရှားနိုင်ငံ ကူဇ်ဘက်စ်ဒေသ ဇယ်လ်ရိုနာယာတောင် တွင် ထောင်နှင့်ချီသောလူထုကြီးက ရေကူးဝတ်စုံများဖြင့် ဧပြီလ၂၀ ရက်နေ့တွင် စုပေါင်းစကိတ်စီးပြခဲ့ကြသည်။ ၎င်းတို့သည် ရေကူးဝတ်စုံဖြင့် လူအများဆုံးစကိတ်စီးပြသည့် ဂင်းနက်စ် စံချိန်တင်ရန် ရည်ရွယ်ထားခဲ့ကြောင်း ထိုစကိတ်စီးပြသည့် အဖွဲ့၏ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကွန်စတန်တင်ကုတ်ရှ်ကင် က အာအိုင်အေနိုဗိုစတီ သတင်းဌာနသို့ ပြောကြားသွားခဲ့သည်။
အစောပိုင်းတွင် ထိုစကိတ်အဖွဲ့သည် စုပေါင်းစကိတ်စီးရန်လူ ၅၀၀ ခန့်သာ ရောက်ရှိလာသည်ဟုခန့်မှန်းခဲ့ကြသော်လည်း အဖွဲ့ဝင် ၁၀၀၀ ကျော်အထိ ပါဝင်ဆင်နွှဲခဲ့သောကြောင့် ၀မ်းသာဂုဏ်ယူမိ ကြောင်း ကုတ်ရှ်ကင်က ဆက်လက်ပြောကြားသွားခဲ့သည်။ ယခင် ဂင်းနစ်စံချိန်ဟောင်းကို ကနေဒါနိုင်ငံတွင် ရေကူးစကိတ်သမား ၂၅၀ ကျော်တို့က ရေကူးဝတ်စုံများဖြင့် စုပေါင်းစကိတ်စီးပြခဲ့ပြီး စံချိန်တင်ခဲ့ကြောင်း သိရသည်

No comments :

Post a Comment

Blogger Widgets
Back to Top