Blogger Widgets

Tuesday 14 May 2013

အင်ဂျလီနာဂျိုလီ ရင်သားကင်ဆာကြောင့် သားမြတ်ဖြတ်ထုတ်ခဲ့ရ

Myawady News

==============================
=======
May 14, 2013
အမေရိကန်မှ ကမ္ဘာကျော် ဟောလီးဝုတ်မင်းသမီး အင်ဂျလီနာဂျိုလီဟာ ရင်သားကင်ဆာပြင်းထန်လာမှုကြောင့်
သားမြတ်နှစ်ခုလုံး ဖြတ်ထုတ်ခဲ့ရပါတယ်။
သားအိမ်ကင်ဆာ ၅၀ ရာခိုင်နှုန်းနှင့် ရင်သားကင်ဆာ ၈၇ ရာခိုင်နှုန်းထိရှိပြီးနောက်မှာ ရင်သားဖြတ်ထုတ်ကာကွယ်မှုတစ်ခု ကြုံခဲ့ရကြောင်း ဂျိုလီက ပြောပြပါတယ်။
သူမရဲ့မိခင် Marcheline Bertrand ကင်ဆာရောဂါကြာရှည်စွာခံစားခဲ့ရြ
ခင်းကြောင့် သူမ ယခုလို ကုသရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း The New York Times မှာ ဖော်ပြထားပါတယ်။ ၂၀၀၇ ခုနှစ်က မိခင် Marcheline Bertrand ဟာ အသက် ၅၆ နှစ်အရွယ်မှာ သေဆုံးခဲ့ပါတယ်။
ဂျိုလီဟာ BRCA1 ဆိုတဲ့ ရောဂါပိုး ၀င်ရောက်ပြီးနောက်ပိုင်းမှာ ရင်သားကင်ဆာနှင့် သားအိမ်ကင်ဆာရေဂါများ တိုးလာကြောင်းပြောပြပါတယ်။ Stanford Medicine မှ ကင်ဆာရောဂါ ကာကွယ်ရေးအဖွဲ့အစည်းမှ အကြီးအကဲနှင့် ဂျိုလီတို့၏ ပြောပြချက်အရ BRCA1 ရောဂါပိုးရှိသော အမျိးသမီးများမှာ သူမတို့ဘ၀ရဲ့ ၆၅ ရာခိုင်နှုန်းသာ ပိုင်ဆိုင်နိုင်တော့မှာဖြစ်ကြော
င်း သိရပါတယ်။ ခု ဂျိုလီဟာ အသက် ၃၇ နှစ်ရှိပြီဖြစ်ပါတယ်။
ရင်သားဖြတ်ထုတ်အပြီး သူမ၏ရင်သားများပြန်လည်ကောင်းမွန
်လာစေရန် ခွဲစိပ်ကုသမှု(Surgery) အပါအ၀င် ၃ လအကြာ ဆေးကုသမှုခံယူခဲ့ရပြီး ဧပြီလ ၂၇ ရက်နေ့ကမှ ကုသမှုပြီးဆုံးခဲ့ပါတယ်။
သူမရဲ့သူငယ်ချင်း Bard Pitt က သူမရဲ့လက်ဆောင်အဖြစ် ခွဲဆိပ်ကုသမှု ( Surgeries ) တွေကို ကူညီပေးခဲ့ပါတယ်။
သူမရဲ့ ခုလို ပုဂ္ဂိုလ်ရေးဆိုင်ရာအဖြစ်ပျက်တွေ
ကို သိုဝှက်မထားဖို့ ဆုံးဖြတ်လိုက်ပါတယ့်၊ ဘာလို့လဲဆိုတော့ အမျိုးသမီးအများစုဟာ ကင်ဆာရောဂါရဲ့လွှမ်းမိုးမှုအောက်မှာရှိနေတယ်ဆိုတာ သူတို့ကိုယ်တိုင်မသိကြလို့ပါပဲ။ သူတို့လဲပဲ ရောဂါစမ်းသပ်မှုတွေပြုလုပ်နိုင်လိမ့်မယ်လို့ သူမယုံကြည်ပါတယ်၊ ရောဂါပြင်းထန်လာမှ သိလိုက်ရရင် ခက်ခဲတဲ့ရွေးချယ်မှုတွေ ပြုလုပ်ကြရပါလိမ့်မယ်လို့ သူမက ရှင်းပြခဲ့ပါတယ်

No comments :

Post a Comment

Blogger Widgets
Back to Top