၂၀-၅-၂၀၁၃ ရက်နေ့ ၁၁၅၀ အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊
လုံးခင်းတိုက်နယ် ဆေးရုံသို့ မိုင်းစထိမှန်ဒဏ်ရာရသူ ၄ ဦး
ရောက်ရှိနေကြောင်းသတင်းအရ လုံးခင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ
သွားရောက်စစ်ဆေးရာ ဖားကန့်မြို့နယ်၊ ကုဋေကျေးရွာနေ ဦးအားစင်(၃၀)နှစ်တွင်
ဝဲဘက်ဝမ်းဗိုက်ပေါက်ပြဲ၊ ၀ဲနောက်ကြောပေါက်ပြဲဒဏ်ရာများနှ င့် တစ်ရွာတည်းနေ ဦးလတောင်(၄၈)နှစ်
ပါ ၃ ဦးတို့တွင် ၀ဲ/ယာပေါင်ပေါက်ပြဲ၊ ၀မ်းဗိုက်ပေါက်ပြဲ၊
ဝဲ/ယာခြေထောက်ပေါက်ပြဲ၊ ၀ဲလက်သူကြွယ် ပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိကြောင်း
တွေ့ရှိရသည်။
စစ်ဆေးချက်အရ ယင်းနေ့ ၁၁၀၀ အချိန် အလယ်စခန်းကျေးရွာရှိ ဦးလတောင်၏ နေအိမ်မီးဖိုချောင်အဟောင်းအား
ဦးအားစင် ပါ ၄ ဦးမှ ပြန်လည်ပြုပြင်ရန်အတွက် မြေကျင်းတူးရာ
မြေကြီးထဲမှဗုံးသီးဟောင်း ၁ လုံးထွက်ပေါ်လာသဖြင့် ၀ိုင်းဝန်းကြည့်ရှုနေစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး ဒဏ်ရာများအသီးသီးရရှိခဲ့ခြင်းဖြ စ်ကြောင်း သတင်းရရှိသည်

မြေကြီးထဲမှဗုံးသီးဟောင်း ၁ လုံးထွက်ပေါ်လာသဖြင့် ၀ိုင်းဝန်းကြည့်ရှုနေစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး ဒဏ်ရာများအသီးသီးရရှိခဲ့ခြင်းဖြ

No comments :
Post a Comment