Blogger Widgets

Wednesday 29 May 2013

အမေရိကားရောက် မြန်မာနိုင်ငံမှ ချင်းတိုင်းရင်းသူလေး မီလာ အယ်လ်ဘမ်ထွက်ရှိ

အမေရိကန်နိုင်ငံရောက် အသက် ၂၂ နှစ်အရွယ် ချင်းတိုင်းရင်းသူ Milla Hniang (မီလာ နျမ်း) ကို အမေရိကန် တေးထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Tape Music Group က စာချုပ် ချုပ်ဆိုပြီး ဇန်န၀ါရီလ ၈ ရက်နေ့က Milla Hniang အမည်နဲ့ သူမရဲ့ ပထမဆုံး တေးအယ်လ်ဘမ် ထွက်ရှိလာပါတယ်။ သူမရဲ့ သာယာတဲ့ အသံကြောင့် တေး ထုတ်လုပ်ရေး ကုမ္ပဏီက ရွေးချယ်ခဲ့တာ ဖြစ် ကြောင်းနဲ့ အခုထွက်ရှိခဲ့တဲ့ တေးအယ်လ်ဘမ်ရဲ့ သီချင်းတွေအားလုံးဟာ သူမ ကိုယ်တိုင် ရေးတဲ့ သီချင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ ငယ်စဉ်ကတည်းက ပိုလီယိုရောဂါ ကြောင့် ချိုင်းထောက်ကို အသုံးပြုလှုပ်ရှားနေရတဲ့ Milla Hniang က မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်း သူတွေရဲ့ ရှေ့ဆောင်လမ်းပြတစ်ဦး ဖြစ်ချင်တယ် လို့ ဆိုပါတယ်။ မီလာဟာ ချင်းပြည်နယ်၊ ဟားခါးဇာတိ ဖြစ်ပြီး ၄ နှစ်အရွယ်မှာ ရန်ကုန်ကို ပြောင်း သွားခဲ့ပြီးနောက် ၂၀၀၀ ခုနှစ်မှာ အမေရိက မှာရှိတဲ့ ဖခင်ဖြစ်သူထံ မိသားစုလိုက် ပြောင်းလာ ခဲ့တယ်လို့ သိရပါတယ်။ မီလာဟာ သီချင်းဆို အလွန်ဝါသနာ ပါတဲ့အတွက် ကိုယ်တိုင်ရေးထားတဲ့ သီချင်း တွေကို Youtube နဲ့ Social network တွေမှာ အများနားထောင်ဖို့ တင်ထားရာက တေး ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုကနေ ဖုန်းခေါ်ဆက် သွယ်လာခဲ့ပြီး အယ်လ်ဘမ်ထုတ်ဖို့ ကမ်းလှမ်းခံခဲ့ ရတယ်လို့ ဆိုပါတယ်။ မီလာဟာ နယူးယောက်မြို့မှာ ပြုလုပ် မည့် Play Cross Road ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံခဲ့ရပြီး ပရိတ်သတ်များထံမှ ၁၀၀% Support လုပ်သူ အနုပညာရှင်တစ်ဦးကိုသာ ရွေးချယ်မှာ ဖြစ်ပါတယ်။ လက်ရှိ Milla ဟာ ၉၀% ရရှိနေပြီး www.playcrossroads.com/u/Millad hniang မှာ Support လုပ်နိုင်ပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top